fbpx

Download OnDoctor App on Google Play

COVID-19 Cases in Myanmar

206 – Confirmed
6 – Death
124 – Recovered

နှာချေခြင်း

နှာချေခြင်း

နှာချေခြင်းဟာ လူတော်တော်များများကို စိတ်ကသိကအောက်ဖြစ်စေတဲ့ အခြေအနေ ဝေဒနာ တစ်ခုဖြစ်တယ်။ သို့သော် အန္တရာယ်ရှိစေတတ်သော ကြီးမားတဲ့ ရောဂါတစ်ခုခုရဲ့ ရှေးပြေးလက္ခဏာရပ် တစ်ခုတော့မဟုတ်ပါ။

 

  1. ဘာကြောင့် နှာချေရတာလဲ?

– သင့်ရဲ့ နှာခေါင်း နှင့် လည်ပင်းအတွင်းရှိ နံရံအမှေးပါးလေးများကို အနှောက်အယှက် ဖြစ်စေသည့် အရာများနှင့် ရှူရှိုက်မိသည့်အခါ / ရှိနေသည့်အခါတွင် ဖြစ်ပေါ်လာသည့် လက္ခဏာတစ်ခု ဖြစ် တယ်။

– တစ်ခါတစ်ရံ ပတ်ဝန်းကျင်ရှိ အနံ့အသက်များ၊ ဖုန်မှုန့်များ၊ ဗိုင်းရပ်(စ်)ပိုးများ၊  ဘက်တီးရီး ယား ပိုးများဟာ လည်ပင်းနှင့် နှာခေါင်းအတွင်းရှိ အမှေးပါးလေးများကို အနှောက်အယှက် ဖြစ်စေခြင်း၊ ဓာတ်မတည့်မှုများ ဖြစ်စေခြင်းများ ဖြစ်စေပါတယ်။

– ထိုအခါ ခန္ဓာကိုယ်မှ ၎င်းအရာများကို ဖယ်ထုတ်သည့်အနေဖြင့် နှာချေခြင်းကို တုန့်ပြန် လုပ်ဆောင်ပေးပါတယ်။

– နှာချေခြင်းဟာ ထိန်းလို့မရတဲ့ ပြင်းထန်စွာ အသက်ရှူထုတ်ခြင်း ဖြစ်စဉ်တစ်ခု ဖြစ်တယ်။

 

 နှာချေစေသော အရာများ

ဓာတ်မတည့်စေသော အရာများ (ပန်းဝတ်မှုံ/ မှို/ ဖုန်မှုန့်များ)

တစ်ချို့ ရှူဆေးများ

တုပ်ကွေးပိုးများ

အအေးမိ ပိုးများ

ဆေးဖြတ်သည့်အခါ

လေထု ခြောက်သွေ့ခြင်း

လေအေးရှူမိခြင်း

စပ်သောအစားအသောက်များ စားသည့်အခါ

 အိမ်တွင်းကုထုံး

မိမိအား နှာချေစေသော အနံ့အသက် / အရာဝတ္ထုများကို ရှောင်ပါ။

တိရစ္ဆာန်များ မွေးထားလျှင် ဝေးဝေးနေပါ။ အမွှေးများကို ပုံမှန်ညှပ်ပေးပါ။ ဖြစ်နိုင်လျှင် အိမ်မွေး တိရစ္ဆာန်များအား မွေးခြင်း ရှောင်ပါ။

လေသန့်စင်စက် တပ်နိုင်ပါသည်။

တုပ်ကွေး / အအေးမိခြင်းကို ကုသမှုခံယူပါ။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကုသမှု ခံယူပါ။

ဆေးလိပ်ဖြတ်ပါ။

အနံ့ပြင်းပြင်း နှင့် အငွေ့များရှောင်ပါ။

 

 

Dr.Yin Yin Win

M.B.B.S (Ygn)

Dip.Med.Sc (Family Medicine)

 

ဆက်စပ် ဆောင်းပါးများ