fbpx

ထိပ်ခပ်နာ (Chronic Sinusitis)

ထိပ်ခပ်နာ (Chronic Sinusitis)

၃ လ ထက် ပို၍ မျက်နှာနှင့် နှာခေါင်းအတွင်းရှိ လေအိတ်အခန်းငယ်များ ရောင်ရမ်းခြင်း အခြေအနေကို ထိပ်ခပ်နာလို့ ခေါ်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ နာတာရှည် နှာပိတ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးတဝိုက် နာခြင်းများ ခံစား ရနိုင်ပါတယ်။

 

အကြောင်းအရင်းများ

  •           အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်း
  •           ဓာတ်မတည့်သော အရာများ ရှူနေရခြင်း
  •           နှာခေါင်းအတွင်း အသားလုံးတည်ခြင်း (Nasal Polyp)
  •           ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ငွေ ရှူနေရခြင်း
  •           နှာခေါင်းပိတ်ခြင်း ဖြစ်စေနိုင်သော အခြားရောဂါများ (ဥပမာ- အဆုပ်ပွရောဂါ (Cystic Fibrosis),ကိုယ်ခံအားကျရောဂါ)

လက္ခဏာများ

  •           နှာရည်ပြစ်ပြစ်ထွက်ခြင်း
  •           နှာခေါင်းယောင်ခြင်း
  •           နှာခေါင်းပိတ်ခြင်း
  •           မျက်နှာပါးရိုး၊ နှာခေါင်းနှင့် နဖူးများလေးခြင်း၊ ကိုက်ခြင်း
  •           အနံ့နှင့် အရသာ ခံစားသိရှိမှု ကျလာခြင်း
  •           ခေါင်းကိုက်ခြင်း
  •           နားကိုက်ခြင်း
  •           ခံတွင်းအနံ့ နံခြင်း
  •           နုန်းခွေခြင်း

 ထိပ်ခပ်နာ ပိုဖြစ်နိုင်သော လူများမှာ

  •           နှာခေါင်းအတွင်းအရိုးစောင်းနေသူများ
  •           နှာခေါင်းတွင်း အသားလုံးရှိနေသူများ
  •           ရင်ကြပ် အခံရှိသူများ
  •           ဓာတ်မတည့်သော ရောဂါအခံရှိသူများ
  •           ကိုယ်ခံအားကျနေသူများ
  •           ဆေးလိပ်သောက်နေသူများ
  •           ဆေးလိပ်ငွေ့ ရှူနေရသူများ

အရေးကြီးသော လက္ခဏာများမှာ

  •           ဖျားလျှင်
  •           ဆိုးရွားစွာ ခေါင်းကိုက်လျှင်
  •           သတိမကောင်းလျှင်
  •           ဇာတ်တောင့်လျှင်
  •           မျက်လုံး – နှစ်ထပ်မြင်လျှင်
  •           မျက်လုံးတစ်ဝိုက် ယောင်လာ နီလာလျှင်

ဤလက္ခဏာများ ခံစားရရင်တော့ ဆရာဝန် နှင့် ချက်ချင်းပြဖို့လိုပါတယ်။

 ဆောင်ရန် ရှောင်ရန်များ

  •       အနားယူပါ။
  •       ရေများများသောက်ပါ။
  •       ဆားရေ ထည့်နိုင်သည်။
  •       ဆရာဝန် ညွှန်ကြားချက် မလိုသော အကိုက်အခဲ ပျောက်ဆေးသောက်နိုင်သည်။
  •       အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပိုးမဝင်အောင် ဂရုစိုက်ပါ။

(တုပ်ကွေး / အအေးမိလူနာများနှင့် ဝေးဝေးနေပါး)

  •       ဓာတ်မတည့်သော အရာများ ရှောင်ပါ။
  •       ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ငွေ့များ ရှောင်ပါ။
  •       နှာစေး၊ နှာပိတ် တစ်ပတ်ကျော်လျှင် ဆရာဝန်နှင့် ပြသပါ။
    Dr Yin Yin Win
    M.B,B.S(Ygn)
    Dip.Med.Sc(Family Medicine)

 

ဆက်စပ် ဆောင်းပါးများ