fbpx

Download OnDoctor App on Google Play

COVID-19 Cases in Myanmar

21 – Confirmed
1 – Death
0 – Recovered

ခြေသည်း / လက်သည်း မှိုစွဲခြင်း

ခြေသည်း / လက်သည်း မှိုစွဲခြင်း

–          လက်သည်း၊ခြေသည်း မှိုစွဲခြင်းဟာ အဖြစ်များတဲ့ အခြေအနေတစ်ခုဖြစ်တယ်။

–          ပုံမှန်မဟုတ်သော အဖြူစက် ၊ အဝါစက်လေး အနေနှင့် အစပိုင်းမှာ မသိမသာ တွေ့ရလေ့ရှိပါ တယ်။

–          မှိုစွြခြင်းပိုဆိုးလာလျှင် လက်သည်း၊ ခြေသည်းများ၊ အရောင်ပြောင်းလာခြင်း၊ ထူလာခြင်း၊ ပုံပျက် လာခြင်း၊ ကျိုးလွယ်ကျွတ်စပ်လာခြင်း၊ ခြေသည်းလက်သည်း တစ်ချောင်းမက မှိုစွဲလာခြင်း ဖြစ်စေ နိုင်ပါတယ်။

–          ကုသလို့ ပျောက်ကင်းနိုင်သော်လည်း ပြန်ဖြစ်နိုင်ပါတယ်။

Q လက္ခဏာများ

(1)      အရောင်းပြောင်းလာခြင်း

(2)      ထူလာခြင်း

(3)      ပုံပျက်လာခြင်း

(4)      ကျွတ်စပ်လာခြင်း

(5)      အနံ့ နံလာခြင်း

Q ဘာကြောင့် ဖြစ်တာလဲ?

          အများစုသည် Dermatophyte လို့ ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်ပါတယ်။

          လက်သည်းထက် ခြေသည်း မှိုစွဲခြင်းပိုဖြစ်လေ့ရှိပါတယ်။

          စိုစိုစွတ်စွတ် ရှိသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ရခြင်း။

          လက်သည်းညှပ်ကိရိယာများ မျှဝေသုံးစွဲခြင်းကြောင့် ကူးစက်စေပါတယ်။

          လူကြီးများတွင် ပိုဖြစ်လေ့ရှိပါတယ်။

Q ပိုဖြစ်နိုင်သော လူအုပ်စု

  1.       အသက်ကြီးလာခြင်း
  2.       ချွေးထွက်များခြင်း
  3.       ခြေထောက်မှိုစွဲရောဂါရှိသူများ
  4.       ဆီးချို ရှိသူများ
  5.       သွေးလည်ပတ်မှုမကောင်းသူများ
  6.       ကိုယ်ခံအား နည်းသူများ
  7.       အရေပြားရောအခံရှိသူများ (Eg- ဆိုရီရေးစစ်ရောဂါ)
  8.       ဖိနပ်မပါဘဲ လျှောက်သွားလေ့ရှိသူများ
  9.       ထိပ်အပိတ် ဖိနပ်များစီးခြင်း
  10.     ခြေ၊ လက်များ အချိန်ကြာရှည်စွာ ရေ နှင့် ထိတွေ့နေရသူများ
  11.     ခြေသည်း၊ လက်သည်းဆိုးလေံ ၊ အတုတပ်လေ့ရှိသူများ

 

 

 

 

Q နောက်ဆက်တွဲ ဆိုးကျိုးများ

–          ဆိုးရွားလျှင် – လက်သည်း၊ ခြေသည်း၊ ထာဝရ ပျက်စီးခြင်း။

–          ဆီးချိုရှိလျှင် ဘေးအရေပြားတစ်ဝိုက်  အခြား ဘက်တီးရီးယား ပိုးများပါ တွဲဝင်ခြင်း အခြေအနေ (Cellulitis) ဖြစ်နိုင်ပါတယ်။

–          ဆီးချိုရှိသူများ ဆရာဝန်နှင့် ပြရန် လိုအပ်ပါတယ်။

Q အိမ်တွင်း ကုထုံး

–          ဆရာဝန်ညွှန်ကြားချက်မလိုသော လိမ်းဆေးများ လိမ်းနိုင်သည်။

–          ပုံမှန်မဟုတ်သော ခြေသည်း၊လက်သည်းများ ညှပ်ညှပ်ပေးပါ။

Q ဆောင်ရန် ၊ ရှောင်ရန်များ

ဆောင်ရန်       

  1.       ခြေလက်ပုံမှန်ဆေးပါ။
  2.       ရေချိုး၊ ရေကူးပြီးလျှင် ခြောက်အောင်သုတ်ပါ။
  3.       ခြေသည်း၊ လက်သည်း၊ ညှပ်ပြီးလျှင် အနားညီအောင် ညှိပါ။
  4.       လက်သည်းညှပ်ကိရိယာများကို သုံးပြီးတိုင်း ပိုးသတ်ပါ။
  5.       ချွေးစုပ်သော ခြေအိတ်ကိုသာဝတ်ပါ။
  6.       ခြေအိတ် ပုံမှန်လဲပါ။
  7.       လေဝင်လေထွက်ကောင်းသော ဖိနပ်ကိုသာဝတ်ပါ။
  8.       အရမ်းဟောင်းသော ရှူးဖိနပ်များ လွှင့်ပစ်ပါ။
  9.       သတ်မှတ်ထားသော ဖိနပ်ကို ရေကူးကန်ဝန်းကျင်တွင် ဝတ်ပါ။
  10.     ခြေသည်း၊ လက်သည်း၊ အလှပြင်ဆိုင်သွားမည်ဆိုလျှင် ကိရိယာများကို ပိုးသတ်၍ ပြုလုပ် ပေး သော ဆိုင်ကိုသာရွေးပါ။

ရှောင်ရန်

  1.       ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်း ရှောင်ပါ။
  2.       လက်သည်းညှပ်ကိရိယာများ မျှဝေသုံးစွဲခြင်း မပြုရပါ။
  3.       ခြေသည်းနီဆိုးခြင်း၊ ခြေသည်းတု တပ်ခြင်း တတ်နိုင်သမျှ ရှောင်ပါ။
  4.       သူတစ်ပါး ဖိနပ်များ မျှ၍ ဝတ်ဆင်ခြင်း ရှောင်ပါ။

Q ဆရာဝန်နှင့်ပြသင့်သူများ

  1.       ဆီးချို ရှိသူများ
  2.       ခြေသည်း၊ လက်သည်း ဆိုးရွားစွာ အရောင်ပြောင်းခြင်း၊ ထူလာခြင်း၊ ပုံပျက်လာခြင်းရှိသူများ

 

  • Dr Yin Yin Win
    M.B,B.S(Ygn)
    Dip.Med.Sc(Family Medicine)

 

ဆက်စပ် ဆောင်းပါးများ