fbpx

ခါးပတ်ရေယုံ (Herpes Zoster)

ခါးပတ်ရေယုံ (Herpes Zoster)

 

ခါးပတ်ရေယုံဆိုတာ Varicella  Zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ် ပိုးကြောင့် နာသော အရည်ကြည်ဖု များ အစုလိုက်ထွက်သော အခြေအနေတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်နေရာအနှံ့ ခါးပတ်ရေယုံ ပေါက်နိုင် ပါတယ်။ အသက် ၆ဝ ကျော်လူဦးရေများတွင် ၃ ယောက်လျှင် ၁ ယောက်နှုန်းခန့် ခါးပတ်ရေယုံ ပေါက်ဖူး လေ့ရှိတယ်။

 

Q လက္ခဏာများ

–          ခါးပတ်ရေယုံသည် အသက်အန္တရာယ် မဖြစ်စေပါ။

–          သို့သော် ရေယုံမထွက်ခင် ၊ ထွက်နေသည့်အခါ နှင့် ပျောက်သွားပြီးသည့်တိုင်အောင် နာကျင်ခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။

–          ခါးပတ်ရေယုံ၏ ပထမဆုံးလက္ခဏာမှာ နာကျင်ခြင်းဖြစ်တယ်။

–          ထို့ကြောင့် တစ်ခါတစ်ရံ နာကျင်သော နေရာပေါ်မူတည်ပြီး နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ ကျောက် ကပ်ရောဂါများ၏ နာကျင်ခြင်းနှင့် မှားတတ်ပါတယ်။

–          ကနဦးတွင် ပေါက်မည့်နေရာတွင်

  1.       မီးစ နှင့် ထိုးထားသကဲ့သို့ ပူစပ်ပူလောင်ဖြစ်ခြင်း
  2.       နာခြင်း
  3.       ထုံကျင်ခြင်း ခံစားရပါမယ်။ ၎င်းနောက် အရေကြည်ဖုထွက်လာခြင်း၊ ယားယံခြင်း ဖြစ်လာ ပါမယ်။

တစ်ချို့တွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အလင်းရောင် မခံနိုင်ခြင်း၊ ပင်ပန်းနုန်းခွေခြင်း တွဲဖြစ်နိုင်ပါတယ်။

Q ဘယ်သူတွေ ပိုဖြစ်နိုင်သလဲ?

  1.       အသက် ၅ဝ အထက်
  2.       နာတာရှည်ရောဂါရှိသူများ
  3.       ကင်ဆာရောဂါ ကုသမှုခံယူနေသူများ
  4.       ကိုယ်ခံအားကျစေမည့် ဆေးသောက်နေသူများ Eg- စတီးရိုက်ဆေး
  5.       ကိုယ်ခံအားကျရောဂါရှိသူများ

Q ဖြစ်ပွားပုံ

  •         varicella zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်တယ်။
  •         ရေကျောက်ဖြစ်စေသော ဗိုင်းရပ်စ်ပိုး နှင့် တူသည်။
  •         ရေကျောက် ပေါက်ဖူးသူများ တစ်ချိန်တွင် ခါးပတ်ရေယုံ ဖြစ်နိုင်သည်။
  •         အဘယ်ကြောင့်ဆိုသော ဗိုင်းရပ်စ်ပိုးသည် အာရုံကြောတွင် ခိုအောင်းနေသောကြောင့် ဖြစ်သည်။

Q ကူးစက်နှုန်း

  •         ခါးပတ်ရေယုံပေါက်နေသူများသည် ရေကျောက်မပေါက်ဖူးသူများကို ကူးစက်စေနိုင်ပါသည်။
  •         ရေယုံအနာကို ထိမိ ၊ ကိုင်မိလျှင် ကူးစက်နိုင်ပါသည်။
  •         ကူးခံရသူသည် ခါးပတ်ရေယုံ တန်းထွက်လာလိမ့်မည်။ မဟုတ်ပါ။
  •         ကနဦးအနေနှင့် ရေကျောက်ပေါက် လာပါလိမ့်မယ်။

Q နောက်ဆက်တွဲဆိုးကျိုးများ

          မျက်လုံးကန်းခြင်း

          အာရုံကြောယောင်ခြင်း

          အဆုပ်ခံခြင်း (နမိုးနီးယားရောဂါ)

          ဦးနှောက် နှင့် အာရုံကြော ထိခြင်း E.g.ဦးနှောက်အသားယောင်ခြင်း (Encephalihs)

  1.       မျက်နှာရွဲ့ခြင်း (Facial Paralysis)
  2.       နားအကြားအာရုံထိခြင်း
  3.       အရသာ မသိခြင်း (Ramsay Hunt Syndrome)

          အရေပြားပိုးဝင်ခြင်း (Secondary Bacteria Infection)

Q         အဖြစ်များသော နေရာများ

          မျက်နှာ

          မျက်လုံးတစ်ဝိုက်

          ကျော နှင့်ခါး

          တင်ပါး

          ပေါင်

Q ကုသခြင်း

          ရေယုံပိုးသေးအောင် ကုလို့ မရပါ။

          ကုသခြင်းမှာ နာကျင်ခြင်းသက်သာရန်၊ နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ရန် နှင့် ရေယုန်ဖုများ ငုပ်သွားခြင်း လျှင်မြန်အောင် ရည်ရွယ်ချက်ဖြင့် ကုသခြင်း ဖြစ်ပါတယ်။

          ခါးပတ်ရေယုံသည် ၂ ပတ်မှ ၆ ပတ်အထိ ကြာနိုင်ပါတယ်။

          ၇၂ နာရီအတွင်း ကုသမှုခံယူ သင့်ပါတယ်။

Q ကာကွယ်ခြင်း နည်းလမ်းများ

(1)      ကာကွယ်ဆေး

          ရေကျောက်ကာကွယ်ဆေး (vari vax)

          ခါးပတ်ရေယုံကာကွယ်ဆေး (Zostavax, Shingarix) ထိုးထားနိုင်ပါတယ်။

(2)      အခြား

          ကိုယ်ခံအားကောင်းအောင်နေပါ။

          ခါးပတ်ရေယုံဖုများနှင့် ထိတွေ့မိလျှင် လက်သေချာဆေးပါ။

 

 

 

                                                                                                   

  • Dr Yin Yin Win
    M.B,B.S(Ygn)
    Dip.Med.Sc(Family Medicine)

 

ဆက်စပ် ဆောင်းပါးများ