fbpx

Download OnDoctor App on Google Play

COVID-19 Cases in Myanmar

21 – Confirmed
1 – Death
0 – Recovered

ပျော်ရွှင်ကျန်းမာ သွားတိုက်ပါ

ပျော်ရွှင်ကျန်းမာ သွားတိုက်ပါ

နေ့စဉ်ပုံမှန်သွားတိုက်ခြင်းနှင့် သွားသန့်ရှင်းရေးပြုလုပ်ခြင်းသည် သွားမျက်နှာပြင်ပေါ်တွင်ရှိသောအညစ်အကြေးများကိုဖယ်ရှားပေးခြင်းဖြစ်သည့်အတွက် လွန်စွာအရေးကြီးပါသည်။
သွားမျက်နှာပြင်ပေါ်ရှိအညစ်အကြေးများကိုပုံမှန်သန့်ရှင်းရေးမပြုလုပ်ပါကသွားချေးလွှာများအဖြစ်သို့ပြောင်းလဲလာပြီး အထပ်ထပ်စုပြုံလာကာ calculus ဟုခေါ်သည့် သွားချေးကျောက်ကို
ဖြစ်ပေါ်လာစေပါသည်။
အဆိုပါ calculusခေါ် သွားချေးကျောက်များမှ ထွက်ပေါ်လာသော အဆိပ်အတောက်ဓာတ်များသည် သွားဖုံးသားများနှင့် သွားဖုံးရိုးများကို ရောင်ရမ်းစေပြီး သွားဖုံးရောင်ရောဂါကိုဖြစ်ပေါ်စေပါသည်။
ယင်းသွားချေးလွှာ (Bacterial Plaque)များမဖြစ်ပေါ်လာစေရန် စနစ်ကျသော သွားတိုက်နည်းစနစ်ဖြင့် သွားတိုက်ခြင်းဖြင့်သွားဖုံးရောင်ရောဂါမဖြစ်ပွားစေရန်ကာကွယ်ပေးနိုင်ပါသည်။

သွားကိုတစ်နေ့ဘယ်နှကြိမ်တိုက်သင့်လဲ

မိမိတို့၏သွားများကို ဖလိုရိုက်ပါသောသွားတိုက်ဆေး ဖြင့် ညအိပ်ရာမဝင်မီတစ်ကြိမ်နှင့် တစ်နေ့တာ၏နံနက်အိပ်ယာနိုးပြီး နံနက်စာစားပြီး
တစ်ကြိမ်တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ်(မဖြစ်မနေ)သွားပုံမှန်တိုက်သင့်ပါသည်။
သွားတိုက်ရာတွင်လည်းအနည်းဆုံးအချိန်နှစ်မိနစ်ခန့်တိုက်သင့်ပါသည်။
အကယ်၍သွားတိုက်ရာတွင် သွေးထွက်ခြင်း၊နာကျင်ခြင်း နှင့်အဆင်မပြေဖြစ်မှုများမကြာခဏကြုံတွေ့လာရပါကသွားဆရာဝန်ထံသွားရောက်စစ်ဆေးမှုခံယူသင့်ပါသည်။
နေ့စဉ်ပုံမှန်သွားကျန်းမာရေးကိုဂရုစိုက်မည်ဆိုပါက သွား နှင့်ပတ်သက်သောအန္တရာယ်များမှ ကာကွယ်ရန်အဓိကကျသောလက်နက်မှာ သွားတိုက်တံ၊ သွားတိုက်ဆေးနှင့် သွားသန့်ရှင်းသည့် ကိရိယာများပင်ဖြစ်ပါသည်။

 

ဘယ်လိုသွားတိုက်တံအမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပါသလဲ

သွားတိုက်တံကိုရွေးချယ်အသုံးပြုမည်ဆိုပါက ပျော့ပျောင်းလုံးဝန်းပြီး ထိပ်ဘက်အနည်းငယ်သိမ်သော သွားတိုက်တံပုံစံမျိုးကို ရွေးချယ်သုံးစွဲသင့်ပါသည်။ သွားတိုက်တံ၏ထိပ်ပိုင်းသည်ပါးစပ်အတွင်းရှိအစိတ်အပိုင်းအားလုံးသို့ ရောက်ရှိနိုင် သောအရွယ်အစားဖြစ်သင့်သည်။
အထူးသဖြင့် ပါးစောင်အတွင်း ပိုင်းအထိပါရောက်ရှိနိုင်သောအရွယ်အစားဖြစ်ရပါမည်။
ကလေး များအတွက်ဆိုလျှင် သေးငယ်သောအရွယ်အစားရှိပြီး ပျော့ပျောင်း နူးညံ့သောအမွေးများပါသည့်သွားတိုက်တံကို ရွေးချယ်သင့်ပါ သည်။
ယခုဆိုလျှင် စနစ်တကျသေချာစွာဖန်တီးထားသော သွား တိုက်တံများကို ဝယ်ယူအသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ထိခိုက်လွယ်သောသွားဖုံးသားများအတွက်သိသိသာသာပို၍ နူးညံ့ပျော့ပျောင်း အောင်ပြုလုပ်ထားသည့်သွားတိုက်တံများကိုအသုံးပြုနိုင်ပါသည်။
မညီညာသော သွားထပ်နေသော အခြေအနေများအတွက်သွားတိုက်တံထိပ်ပိုင်းပို၍သေးငယ် သောသွားတိုက်တံများကိုအသုံးပြုသင့်ပါသည်။
သွားတိုက်တံကိုင်ရာတွင် ခက်ခဲမှုရှိသည့် အကြောအားနည်း၍ ခြေလက်တုန်နေ သောရောဂါရှိသူများနှင့် မသန်စွမ်းသူများ လွယ်ကူစွာသွားတိုက် နိုင်စေရန်အတွက် သီးသန့်ထုတ်လုပ်ထားသော လက်ကိုင်ကြီးကြီး ပါရှိသောသွားတိုက်တံနှင့် သွားတိုက်တံထိပ်ပိုင်းကို တစောင်းအနေ အထားပြုလုပ်ထားသော သွားတိုက်တံများကိုအသုံးပြုသင့်ပါသည်။Electric toothbrush များသည်လည်းသွားသန့်ရှင်းမှုပြုလုပ်ရာတွင် လျင်မြန်ထိရောက်စွာအကူအညီပေးနိုင်ပါသည်။

 

သွားတိုက်တံကို ဘယ်လောက်ကြာလျှင် အသစ်လဲပြီးအသုံးပြုသင့်ပါ သလဲ

အချိန်အတန်ကြာ အသုံးပြုထားသောကြောင့် ဖွာထွက်နေ သောသွားတိုက်တံများသည် ကျွန်တော်တို့၏ သွားများသန့်ရှင်းရာ တွင် အကူအညီမပေးနိုင်သည့်အပြင် သွားဖုံးများကိုပါ ထိခိုက်စေပါ သည်။
ထို့ကြောင့် သွားတိုက်တံများကို နှစ်လ၊ သို့မဟုတ် သုံးလ တစ်ကြိမ်ပုံမှန်အသစ်လဲခြင်း၊ သို့မဟုတ် သွားတိုက်တံအမွှေးများ စတင်ဖွာထွက်လာသောအချိန်တွင် အသစ်လဲ၍အသုံးပြုသင့်ပါ သည်။ သွားတိုက်တံအမွှေးများဖွာထွက်လာပါက၎င်းတို့သည်သွား ကိုသေချာစွာမသန့်ရှင်းနိုင်တော့သောကြောင့် ဂရုတစိုက်အသစ် လဲလှယ်အသုံးပြုသင့်ပါသည်။

ဖလိုရိုက်ပါသော သွားတိုက်ဆေးကို ဘာလို့သုံးသင့်တာလဲ

ဖလိုရိုက်ပါသောသွားတိုက်ဆေးများသည် သွားများကို ခိုင်မာစေသည်။
ထို့ပြင်သွားများကိုမာကျောစေပြီး သွားရောဂါများမှလည်း ကာကွယ်ပေးနိုင်ရုံသာမကနှင့် သွားဖုံးကျန်းမာရေးကိုပိုမိုမြှင့်တင်ပေးနိုင်ပြီးသွားနှင့်ခံတွင်းပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်းကို လျှော့ချပေးနိုင်ပါသည်။
ထို့ကြောင့် သွားနှင့်သွားဖုံးရောဂါများကို ဖြစ်မှ ကုသသည်ထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ရန် သွားတိုက်ခြင်းနှင့် ၆လတစ်ကြိမ်သွားကျန်းမာရေးစစ်ဆေးခြင်းကို မပေါ့မလျော့ ပြုလုပ်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

သွားနှင့်ခံတွင်းရောဂါ ကင်းကြပါစေ…

ဒေါက်တာထက်ဝေ