သွားနှင့် ခံတွင်းကျန်းမာသန့်ရှင်းစေတဲ့ အံ့အားသင့်ဖွယ်ရာ အစားအစာများ

သွားနှင့် ခံတွင်းကျန်းမာသန့်ရှင်းစေတဲ့ အံ့အားသင့်ဖွယ်ရာ အစားအစာများ

သွားတွေကို သဘာဝအတိုင်း ဖြူဖွေးသန့်စင်စေချင်တယ်ဆိုရင်တော့ အဖြေတခု ရှိပါတယ်။
ဒါကတော့ အစားအစာ စားတာပါပဲ။ ဘာတွေစားရမလဲဆိုတာကတော့ ခေတ်စကားနဲ့ ပြောရရင် အသက်ပဲပေါ့နော်။

ဒီတော့ ဘာတွေ စားရမလဲ တချက် လေ့လာလိုက်ရအောင်…..

တချို့အစားအစာတွေကိုဆို ဟာ.. ဟုတ်ပါ့မလားဆိုပြီး သံသယရှိကောင်း ရှိပါလိမ့်မယ်။
ဘာလို့ဆိုတော့ ကျနော်တို့ခင်ဗျားတို့ဆီမှာ ဟိုးခပ်စောစောကတည်းက ရှိနေတဲ့ သွားကျန်းမာရေးဆိုင်ရာ အယူအစွဲတွေနဲ့ ဖီလာဆန့်ကျင်နေတဲ့ အစားအစာတွေ ပါလို့ပါ။ ကျနော်တို့ဆီမှာက တချို့ အယူအဆအလွဲတွေ ရှိနေနိုင်တယ်လေ။

ဥပမာ … သစ်သီးတွေမှာ သကြားဓာတ် ပါတယ်။ ဒါကြောင့် သစ်သီးတွေ အစားများရင် သွားပိုးပေါက်တွေ ဖြစ်နိုင်တယ် ဆိုတာမျိုး။

အနံ့ပြင်းတဲ့ အစားအစာတွေက ခံတွင်းအနံ့ဆိုးတွေ ထွက်စေတယ်လေ။ ဒါတွေစားလို့ ဘယ်မှာ ခံတွင်းကို သန့်ရှင်းစေနိုင်မှာလည်း ဆိုတာမျိုး။

နောက်တခုက အစားအစာတွေကြောင့် သွားနဲ့ ခံတွင်းကျန်းမာရေးပြဿနာတွေ ဖြစ်ရတာလေ။ ဘယ့်နှယ်လုပ်ပြီး အစားအစာတွေက သွားကျန်းမာရေးကောင်းစေမှာလဲပေါ့…

ဒီအချက်တွေကြောင့် အခုပြောမဲ့အစားအစာတွေက သွားနဲ့ခံတွင်းကျန်းမာရေးကို ကောင်းစေတယ်ဆိုရင် တော်ရုံနဲ့ ယုံဖို့ခက်နေကြတာပေါ့။ဒါပေမဲ့ သိပ္ပံနည်းကျကျ လေ့လာမှုတွေအရတော့ ဒီအစားအစာ ၉ မျိုးဟာ သွားကျန်းမာရေးနဲ့ ခံတွင်းကျန်းမာရေးအတွက် အထူးသင့်လျော်ပါသတဲ့။
ကဲ…. ကြည့်လိုက်ရအောင်။

၁။ ပန်းသီး
၂။ စပျစ်သီး
၃။ မုန်လာဥနီ
၄။ တရုတ်နံနံ
၅။ သခွားသီး
၆။ သလဲသီး
၇။ ခရန်ဘယ်ရီသီး
၈။ ဂေါ်ဖီချဉ်
၉။ ကြက်သွန်ဖြူ

တကယ်တမ်းမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေပါဝင်မှုများတဲ့အတွက် သွားတွေပေါ်မှာ အညစ်အကြေး အစွန်းအထင်းတွေ မရှိအောင် ဖယ်ရှားပေးနိုင်ပါသတဲ့။ ဒါ့အပြင် အချဉ်ဖောက်ထားတဲ့ အစားအစာတွေကလည်း သင့်ခံတွင်းထဲမှာ ကောင်းမွန်တဲ့ အကျိုးပြုတဲ့ ဘက်တီးရီးယားတွေရှိနေအောင် ကူညီပေးပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ Allicin ဆိုတဲ့ဓာတ်က သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

သဘာဝအစားအစာတွေထဲမှာ ဘက်တီးရီးယားအစ ဗိုင်းရပ်စ်အဆုံး နှိမ်နင်းနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်နေပါတယ်။

ဒါကြောင့် ဒီလိုအစားအစာတွေကို များများစားပေးဖို့လိုပါမယ်။

ဒါပေမဲ့ တနေ့ကို ၂ကြိမ်တော့ ပုံမှန်သွားတိုက်ပေးဖို့ကိုလည်း မေ့ပစ်လို့မရဘူးနော်။

Dr.KG

ဆက်စပ် ဆောင်းပါးများ