သွားမျက်နှာပြင်မှာ အဖြူရောင်အကွက်လေးတွေဖြစ်နေတာ ဘာကြောင့်ပါလဲ ?

QUESTION

ANSWER



Unicode
QUESTION
?သွားမျက်နှာပြင်မှာ အဖြူရောင်အကွက်လေးတွေဖြစ်နေပါတယ် ?ဘာကြောင့်ပါလဲ ? ဘယ်လိုကုသလို့ရနိုင်သလဲ ???

ANSWER
?ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းတွေတော့အများကြီးရှိပါတယ် ။ အဖြစ်နိုင်ဆုံးအကြောင်းအရာလေး ၁ခုကိုပြောပြပါမယ် ။
?Fluorosis လို့ခေါ်တဲ့ ငယ်ရွယ်စဉ်အချိန်တုန်းက ဖရိုရိုက် (Fluoride) ဓာတ်ကို ထိတွေ့စားသုံးမှုများခဲ့လို့ပါ ။
?Fluoride ဓာတ်ကို သောက်ရေ ၊ အစားအစာ ၊ သွားတိုက်ဆေးတွေကတဆင့် အများအပြား သုံးစွဲမိတာကြောင့်ဖြစ်နိုင်ပါတယ် ။
?အချို့ နေရာဒေသတွေက တွင်းရေ ၊ ကန်ရေတွေက ဖရိုရိုက်ဓာတ်ပါဝင်မှုသိသိသာသာပိုများပါတယ် ။ မြင်းခြံ ၊ပခုက္ကူ နေရာတဝိုက်မှာ သိသာပါတယ် ။
?ဒီလိုဒေသတဝိုက်က သောက်သုံးရေကိုဆက်တိုက်သောက်သုံးလာရင် ခံတွင်းထဲကသွားတွေမှာပြသနာတွေရှိလာပါတယ် ။
?သွားမျက်နှာပြင်ပေါ်မှာအဖြူကွက်တွေ ၊ သွားအရောင်ပုံမှန်မဟုတ်ပဲ ညိုညစ်ညစ်တွေဖြစ်လာနိုင်ပါတယ် ။

?ကုသမှုအနေနဲ့ကတော့ ဖြစ်နေတဲ့အနေအထားပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ် ။

?၁) သွားအရောင်အတိုင်းပြန်ရအောင် လေဆာ+ဆေး အသုံးပြုပီး သွားမျက်နှာပြင်ပေါ်ကို Direct Composite Veneer နည်းလမ်းနဲ့လုပ်လို့ရပါတယ် ။
?၂) သွားမျက်နှာပြင်ကို ကြွေကပ် (Veneer) လုပ်ခြင်း
?၃) သွားအရောင်အတိုင်း ကြွေအစွပ် (Crown) စွပ်ပေးလို့ရပါတယ် ။

ဆက်စပ် ဆောင်းပါးများ