?သွားဆေးခန်းမှာသွားသန့်ရှင်းရေးလုပ်လိုက်ရင် ဘာတွေထူးခြားသွားမှာလဲ ?
Question
Answer
Unicode
Question
?ဆေးခန်းမှာသွားသန့်ရှင်းရေး လုပ်တယ်ဆိုတာဘာလဲ ?
?အိမ်မှာသွားပုံမှန်တိုက်နေတာကရော သွားသန့်ရှင်းရေးလုပ်တာမဟုတ်ဘူးလား ?
?သွားဆေးခန်းမှာသွားသန့်ရှင်းရေးလုပ်လိုက်ရင် ဘာတွေထူးခြားသွားမှာလဲ ?
Answer
?ဆေးခန်းမှာသွားသန့်ရှင်းရေး (Scaling) လုပ်တယ်ဆိုတာက ပုံမှန်သွားတိုက်သလိုမျိုးမဟုတ်ပါဘူး ။
?သွားသန့်ရှင်းရေးလုပ်တာကို သွားကျောက်ခြစ် ၊ သွားချေးချွတ်တယ်လို့အများစုသိထားကြပါတယ် ။
?သွားသန့်ရှင်းရေးလုပ်ခြင်းအားဖြင့် သွားချေး ၊သွားကျောက်တွေကြောင့်ဖြစ်ရတဲ့ ခံတွင်းနံ့မကောင်းခြင်း ပျောက်ကင်းသွားပါလိမ့်မယ် ။
?သွားမျက်နှာပြင်က အစွန်းထင်းတွေ အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားမယ် ။
?သွားဖုံး သွေးထွက်ခြင်း ၊ရောင်ခြင်းတွေ မရှိနိုင်တော့ပါဘူး ။
?သွားတွေအချောင်းလိုက်ကျွတ်ထွက်တဲ့ ရေစီးကမ်းပြိုရောဂါတွေကို ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ် ။
?သွားဆေးခန်းကိုလာတဲ့အတွက် အခြားခံတွင်းပြသနာတွေကိုပါ သိနိုင်ပါလိမ့်မယ် ။
??အရေးကြီးဆုံးအချက်ဖြစ်တဲ့ မိမိကိုယ်ကိုယုံကြည်မှု ရရှိလာမှာပါ ။??
?၆လ၁ကြိမ်ပုံမှန်လုပ်ပေးဖို့လိုအပ်တဲ့သွားသန့်ရှင်းရေး (scaling) ?
?သွားသန့်ရှင်းရေးလုပ်ဖို့လိုအပ်နေပြီလားဆိုတာကို သင့်ရဲ့အောက်ဖက်ရှေ့သွားတွေရဲ့အတွင်းဖက်မျက်နှာပြင်ကို ကြည့်လိုက်တာနဲ့အကြမ်းမျဉ်းသိနိုင်တယ်ဗျ ။ သွားချေးကျောက်လို့ခေါ်တဲ့ Calculus တွေအဖြစ်နိုင်ဆုံးနေရာက အဲဒီနေရာဖြစ်ပါတယ် ။
?Calculus တွေက ခံတွင်းနံ့တွေမကောင်း ၊ သွားဖုံးတွေရောင်လာတဲ့အပြင် ကြည့်ရလည်းဆိုးပါတယ် ။ Calculus တွေခံတွင်းထဲမှာရှိနေတာကြာလာရင် ရေစီးကမ်းပြိုရောဂါဖြစ်ဖို့လည်း ရာခိုင်နှုန်းအရများလာမှာပါ ။
?တံတွေးထဲမှာပါတဲ့သတ္တုဓာတ်တွေနဲ့ ခံတွင်းထဲကဘက်တီးရီးယားတွေပေါင်းစုပြီး သွားချေးကျောက်(Calculus) ဖြစ်လာစေပါတယ် ။ စနစ်တကျသွားမတိုက်တတ်တာက Calculus ဖြစ်ရတဲ့အဓိကအကြောင်းရင်းဖြစ်ပြီး ဆေးလိပ်သောက်ကွမ်းစားခြင်း ၊ စိတ်ဖိစီးမှု ၊ သွားထပ် သွားမညီမညာဖြစ်နေခြင်း ၊ စိတ်ကျရောဂါနဲ့ သွေးတိုးရောဂါတို့ကြောင့် ခံတွင်းထဲမှာတံတွေးထွက်နည်းသွားတဲ့သူတွေမှာ အဖြစ်များလေ့ရှိတာကိုတွေ့ရတယ်ဗျ ။
?စိုးရိမ်စရာကောင်းတဲ့ကိစ္စမဟုတ်ပေမယ့် သွားဖုံးရောင်ရမ်းခြင်းက နှလုံးသွေးကြောကျဉ်းခြင်း ၊ လေဖြတ်ခြင်း ၊ ဆီးချို ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာ နဲ့ လမစေ့ပဲကလေးမွေးဖွားခြင်းတွေနဲ့ ဆပ်စပ်မှုရှိတယ်လို့ဆိုပါတယ် ။
?သွားသန့်ရှင်းရေး (scaling) ကို ultrasonic scaling device တွေနဲ့ပြုလုပ်ပေးပြီးကုသချိန်အနေနဲ့လည်း အချိန်အများကြီးမပေးရပါဘူး ။
Author: Dr. Moe Wai
ဆက်စပ် ဆောင်းပါးများ