လက်ချောင်းလေးတွေ ဘာလိုနာတာလဲ

လက်ချောင်းလေးတွေ ဘာလိုနာတာလဲ

ရောဂါသေးသေးမွှားမွှားလို့ပြောမရပါ။ လက်ချောင်းကလေးများ နာကျင်ခြင်းသည် အဆစ်လှုပ်ရှားမှုကို ထိခိုက်ကာ နေ့စဉ်ပြုလုပ်မှုတိုင်းကိုလည်း ထိခိုက်စေပါတယ်။

လက်ချောင်းကလေးများနာခြင်းဖြစ်စေသော အကြောင်းရင်းများမှာ
– ထိခိုက်ဒဏ်ရာရခြင်း
– ရောဂါပိုးကူးစက်ခြင်း
– အရွတ်ပြဿနာများ
– အဆစ်ရောင်ခြင်းစသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။

ထိခိုက်ဒဏ်ရာရခြင်း
လက်ချောင်းနာခြင်းရဲ့ အဓိကအများဆုံးဖြစ်ခြင်းသည် ထိခိုက်ဒဏ်ရာရခြင်းဖြစ်ပါတယ်။ အားကစားလုပ်ခြင်း၊ အလေးမခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့်မလှုပ်ရှားနိုင်ခြင်း စသည်တို့ခံစားရနိုင်ပါတယ်။

ကုသမှုများ
– ထိခိုက်ဒဏ်ရာရသောအခြေအနေပေါ်မူတည်၍ လက်ကိုအနားပေးပါ။
– ဒဏ်ရာရသောလက်ကို ရေခဲကပ်ပေးပါ။ နာကျင်ခြင်းနှင့်ရောင်ရမ်းမှုကိုသက်သာစေပါတယ်။
– ပတ်တီးစီးထားပေးပါ။
– လက်မြှောက်ထားပါ။ ရောင်ရမ်းမှုသက်သာစေနိုင်ပါတယ်။

ဆေးဝါးအနေဖြင့် အကိုက်အခဲပျောက်ဆေးများကိုသောက်သုံးခြင်းဖြင့် နာကျင်ရောင်ရမ်းမှုကိုသက်သာအောင်ပြုလုပ်နိုင်ပါတယ်။ လက်ကျိုးခြင်း လွဲခြင်းများကို သေချာအရိုးအထူးကုပြကုသပါ။

လက်တောင့်ခြင်း

အရွတ်ရောင်သောကြောင့် လက်တောင့်လျှင် လက်ချောင်းအခြေသည် တောင့်တင်းရောင်ရမ်းပြီး လက်ကွေးရန်ခက်ခဲခြင်း  ခံစားမူမရှိဘဲထုံခြင်းစသည်တို့ခံစားရပါတယ်။ ဆီးချိုနှင့် အဆစ်အမြစ်ရောင်ရောဂါများကြောင့် ဖြစ်နိုင်ပါတယ်။

အရွတ်ထဲသို့ ရောင်ရမ်းမှုသက်သာစေသော စတီးရွိုက်ထိုးထည့်ခြင်း စသည်ဖြင့်သက်သာအောင်ပြုလုပ်ပါ။ ပိုဆိုးရွားပါက အရွတ်ကို ခွဲစိတ်ခြင်းဖြင့်ဖြေလျော့ပါ။

Carpal Tunnel Syndrome

လက်ကောက်ဝတ် အကြောဖိမိခြင်းကြောင့် နာကျင်ခြင်း၊ ထုံကျင်ခြင်းစသည်တို့ကိုလက်ချောင်းကလေးများခံစားရနိုင်ပါတယ်။ လက္ခဏာသည်တဖြေးဖြေးပိုဆိုးလာတတ်ပါတယ်။ လက်ချောင်းများအားနည်းခြင်း၊ စုပ်ကိုင်ရန်ခက်ခဲခြင်းစသည်တို့ ခံစားရပါတယ်။

ကုသမူအနေဖြင့် လက်လှုပ်ရှားမှုနားခြင်း၊ စည်းထားခြင်း၊ အကိုက်အခဲပျောက်ဆေးသုံးခြင်းစသည်တို့ဖြင့်မသက်သာပါက ဖိခံရသော အာရုံကြောလွတ်အောင်ခွဲစိတ်မှုခံရပါတယ်။

အဆစ်များအကြားရေအိတ်တည်ခြင်း

လက်ချောင်းအဆစ်များအကြားနှင့် အရွတ်များအကြားရေအတိတည်ခြင်းကြောင့်လက်ချောင်းနာကျင်တတ်ပါတယ်။ ကုသမူအနေဖြင့် အရည်စုပ်ထုတ်ခြင်းနှင့် ခွဲစိတ်ဖယ်ရှားခြင်းများပြုလုပ်နိုင်ပါတယ်။

ပိုးဝင်ခြင်း

လက်တွင် ကွဲနာရှနာရှိပါက ပိုးဝင်ခြင်းကြောင့်နာကျင်နိုင်ပါတယ်။ နာကျင်ကိုက်ခဲခြင်း၊ ပြည်တည်ခြင်း၊ ကိုယ်ပူခြင်းစသည်တို့ဖြစ်နိုင်ပါတယ်။ လက်ကိုသေချာဆေးပါ။ သေချာကုသမူခံယူမှ အနာပျောက်ကင်းနိုင်ပါတယ်။ လိုအပ်သောပိုးသတ်ဆေးဖြင့် သေချာကုသပါ။

အရိုးနှင့်အဆစ်အမြစ်ရောင်ခြင်း

အဆစ်အမြစ်ရောင်ခြင်းကြောင့် လက်ချောင်းကလေးများပိုမိုနာကျင်တတ်ပါတယ်။ လိုအပ်သောဆေးဝါးကုသမှုများခံယူပါ။

မည်သည့်အကြောင်းကြောင့် လက်ချောင်းနာသည်ဖြစ်စေ မိမိကိုယ်တိုင်ပြုလုပ်နိုင်သောနည်းလမ်းများမှာ
– နာကျင်သောနေရာကို မိနစ်၂၀ခန့်ရေခဲကပ်ပါ။
– လက်ကိုအနားပေးပါ။
– လက်ချောင်းလူပ်ရှားမူထိန်းရန် ပတ်တီးစည်းထားပါ။
– လက်ကိုမြှောက်ထားပါ။
– နာကျင်မူသက်သာစေသောအကိုက်အခဲပျောက်ဆေးသောက်ပါ။

Dr. Pyae Shin

ဆက်စပ် ဆောင်းပါးများ