အုန်းလွဲခြင်းကို အမြန်ဆုံးသက်သာစေမဲ့နည်းလမ်းများ

အုန်းလွဲခြင်းကို အမြန်ဆုံးသက်သာစေမဲ့နည်းလမ်းများ

ဆောင်းရာသီမှာ အိပ်ရာထချိန်တွင် အခံရခက်သောဝေဒနာအဖြစ် လူတိုင်းခံစားဖူးသော ကြွက်သားတောင့်တင်းခြင်းသည် အခံရခက်သောဒေနာတစ်ရပ်ဖြစ်ပါတယ်။နာကျင်တောင့်တင်းခြင်းသည် မိနစ်အနည်းငယ်ပဲကြာတတ်သလို နာရီ သို့မဟုတ် ရက်အတန်ကြာသည်အထိလည်း မပျောက်တတ်ပါ။ကိုယ်ခန္ဓာအနှံတောင့်တင်းနိုင်သော်လည်း အဖြစ်များဆုံးက ဇာတ်ကြောတောင့်တင်းခြင်းဖြစ်ပါတယ်။ဇာတ်ကြောတောင့်တင်းခြင်းသည် လှည့်မရပြုမရ။ခေါင်းငုံလို့မရ စသည်ဖြင့် လက္ခဏာရှိပါတယ်။

(1) ဖြစ်စေသောအကြောင်းအရာများမှာ
ဇာတ်ကြောတောင့်ခြင်းဖြစ်စေသောအကြောင်းအရာများစွာရှိသော်လည်းအဖြစ်များဆုံးအကြောင်းအရာများမှာ
– အလွန်လေးလံသော အိတ်များ။ပစ္စည်းများကို ပခုံးပေါ်တင်ထမ်းခြင်း
– လေးလံသောအရာများကို လက်၂ဖက်သို့မဟုတ် ၁ဖက်တညိးဖြငိ့ဆွဲခြင်း
– အိပ်နေစဉ် လည်ပင်းခေါင်း နေရာမှန်မရှိခြင်း
– ကျီးပေါင်းတက်ခြင်း
– စိတ်ဖိဆီးမူများခြင်း
– ခေါင်းကိုက်ခြင်း
– လေ့ကျင့်ခန်းလုပ်ရာတွင်ဒဏ်ဖြစ်ခြင်း
– ရေနှင့်ဓာတိဆားဆုံးရှုံးခြင်းစသည့်တို့ဖြစ်ပါတယ်။

အဖြစ်နည်းသောအကြောင်းရင်းများဆိုသော်လည်းဖြစ်လာလျှင်အရေးကြီးသောအကြောင်းရင်းများမှာ
– ဦးနှောက်အမြှေးရောင်ခြင်း
– ခါးအဆစ်များဆက်နေခြင်း
– လည်ပင်းကြွက်သားများလိမိနေခြင်း
– မေရိုးနှင့်ခံတွင်းအဆစ်ရောဂါဖြစ်ခြင်းသသည်တို့ဖြစ်ပါတယ်။

(2) ကုသနည်းများ
ဇာတ်တောင့်ခြင်းသည် အများအားဖြင့်ဆေးဝါးနဲ့ကုသရန်မလိုပါ။လေ့ကျင့်ခန်းလုပ်ခြင်းနှင့်အိမ်တွင်းနည်းလမ်းများနှင့်အဆင်ပြေပါတယ်။

– လေ့ကျင့်ခန်းလုပ်ခြင်း
လည်ပင်းကြွက်သားများ ပြေလျော့စေရန် လည်ပင်းကြွက်သားလေ့ကျင့်ခန်းလုပ်ခြင်းသည် သက်သာစေနိုင်ပါတယ်။
ရှေ့တည့်တည့်ရပ်ကာ လက်နဲ့ခေါင်းကိုကိုင်ရျ် ဘေးဘက်သို့ခေါင်းစောင်းတာလုပ်ပါ။ဘယ်ညာလုပ်လျှင်ကြွက်သားပြေလျော့လာပါလိမ့်မယ်။

နောက်ကြောကြွက်သားများအတွက် လက်နောက်ပြန်အနေအထားနဲ့ဆွဲဆနါကြည့်ပါ။
ပက်လက်အိပ်ကာဒူးကွေးထားရျ် မေးစေ့ရင်ဘတ်ထိအောင်ခေါင်းကိုကွေးချကြည့်ပါ။

– အိမ်သုံးဆေးဝါးများ
ဇာတ်ကြေတက်သက်သာစေရန် အကိုက်အခဲပျောက်ဆးအချို့ကိုလည်းသောက်ရျ ်ရပါတယ်။
– asprin
– ibuprofen
– acetamiophen
ဆေးဝ့ါးအကူအညီဖြင့် ဇာတ်ကြောများပြေလျော့စေပါတယ်။သို့သော်အကိုက်အခဲပျောက်ဆေးသည်အစာအိမ်ရောဂါရှိသူများမသောက်သင့်ပါ။

– ရေခဲကပ်ပါ
ရေခဲကပ်ခြင်းသည် နာကျင်ကိုက်ခဲရောင်ရမ်းမူကိုသက်သာစေပါတယ်အလျင်အမြနိသက်သာစေပါတယ်။ရေခဲသည် အာရုံကြောကိုထုံစေပြီးကြွက်သားရောင်ရမ်းမူကိုသကိသာစေပါတယ်။ရေခဲကိုကြွက်သားပေါ်တန်းမတင်ဘဲ အဝတ်တခုခုပတ်တင်ပေးပါ။၁၀မိနစ်ခန့်တင်လျှင်သိသာလာပါလိမ့်မယ်။

– ဇာတ်ကြောနှိပ်နယ်ခြင်း
နှိပ်နယ်ပေးခြင်းသည် အကြောတက်ခြင်းကို အမြန်သက်သာစေသောနည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။သေချာနည်းစနစ်မှန်စွာနှိပ်လျှင် ကြွက်သားတင်းနေမူကို ပြေလျော့လာစေပါတယ်။

(3) အရေးကြီးသောအချက်များ
ဇာတ်ကြောတောင့်တင်းခြင်းအပြင်အခြားသော လက္ခဏာများရှိပါက အမြန်ဆုံးကုသမူခံယူပါ။
– ရုတ်တရက်အဖျားကြီးခြင်း
– ခေါင်းကိုက်ခြင်း
– လည်ပင်းတောင့်တင်းခြင်း
– လည်ပင်းဇာတ်နေရာ အနီကွက်ဖြစ်နေခြင်းစသည်တို့ရှိမရှိ စောင့်ကြည့်ပါ။

Dr.Pyae Shin

ဆက်စပ် ဆောင်းပါးများ