ဘာလို့   အစားမစားချင်တာလဲ

ဘာလို့   အစားမစားချင်တာလဲ

အစာစားချင်စိတ်ပျောက်ဆုံးခြင်းကို သင်ခံစားဖူးရဲ့လား?အစာကို လုံးဝစိတ်မဝင်စားပဲ စားလိုက်သည်နှင့်ပျို့အန်လာသည်ကို ကြုံဖူးပါသလား?အစာစားချင်စိတ်ပျောက်ဆုံးကာ အစာမစားသောကြောင့် ကိုယ်အလေးချိန်ကျဆင်းကာ ကိုယ်ခန္ဓာအတွက်လိုအပ်သောအာဟာရဓာတ်များမရရှိသောကြောင့် အားအင်ကုန်ခမ်းနူံးချိလာတတ်ပါတယ်။အစားစားချင်စိတ်မရှိခြင်းရဲ့အကြောင်းရင်းများနှင့်နောက်ဆက်တွဲပြဿနာများသည် အများကြီးရှိပါတယ်။
-အကြောင်းရင်းများနှင့်လက္ခဏာများ
အစာစားချင်စိတ်မရှိခြင်းသည် ရောဂါကြောင့်နှင့်စိတ်ကြောင့်ဖြစ်နိုင်ပါတယ်။ပိုးဝင်ခြင်နှင့်အစာအိမ်လမ်းကြောင်း့ပြဿနာများကြောင့်ဖြစ်ခဲ့လျှင် အစာစားချင်စိတ်ပြန်ပေါ်လာနိုင်ပါတယ်။အချို့လူများတွင်ကင်ဆာရောဂါကြောင့်ဖြစ်ခဲ့လျှင် နာတာရှည်ဖြစ်ပြီးပိန်ချုံးချိနဲ့နိုင်ပါတယ်။
အမျအားဖြင့် တုပ်ကွေးဖျားနာခြင်းနှင့်အစာအိမ်အူလမ်းကြောင်းရောင်ရမ်းမူကြောင့် အစာစားချင်စိတ်ပျောက်ဆုံးပြီး နေကောင်းပါက ပြန်စားချင်စိတ်ပြန်ပေါ်နိုင်ပါတယ်။အစာစားချင်စိတ်ခဏတာပျောက်ဆုံးတတ်သောအကြောင်းရင်းများမှာ
-အအေးမိတုပ်ကွေးဖြစ်ခြင်း
-အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ
-ဝမ်းချုပ်ဗိုက်မကောငိးခြင်း
-အချဉ်ပြန်ခြင်း
-အစာအဆိပ်သင့်ခြင်း
-ဓာတ်မတည့်မူများ
-ကိုယ်ဝန်ဆောင်ခြင်း
-စိတ်ဖိဆီးမူများ
-ဆေးဝါးများ
-အရက်နှင့်မူးယစ်ဆေးဝါးသုံးခြင်းနှင့်ပါးစပ်အနာပေါက်ခြင်းစသည်တို့ကြောင့်ဖြစ်ပါတယ်။
ရေရှည်အစာစားချင်စိတ်မရှိခြင်းသည် ကိုယ်ခံအားနိမ့်ကျခြင်းအပေါ်များစွာမူတည်ပါတယ်။အစာခြေဖျက်မူမမှန်သောရောဂါများ။ဟော်မုန်းရောဂါများ။ဆီးချို။ပန်းနာရင်ကျပ်။အသည်းနှင့်ကျောက်ကပ်ရောဂါများ။HIVနှင့်AIDS။သိုင်းရွိုင်းရောဂါများ။နှလုံးရောဂါနှင့်အစာအိမ်နှင့်အူကင်ဆာများကြောင့်ဖြစ်နိုင်ပါတယ်။
စိတ်ငြိမ်ဆေးများ။ပိုးသတ်ဆေးများနှင့်ကင်ဆာကုသမူနည်းလမ်းများကြောင့်လည်းအစာစားချင်စိတ်ပျောက်ဆုံးနိုင်ပါတယ်။ခွဲစိတ်ပြီးစလူနာများတွင်လည်းအစာစားချင်စိတ်မရှိနိုင်ပါ။
စိတ်ပိုင်းဆိုင်ရာရောဂါများကြောင့်လည်းအစာစားချင်စိတ်ပျောက်ဆုံးခြင်းကို သိသာစွာထိခိုက်နိုင်ပါတယ်။စိတိဓာတ်ကျခြင်း။စိတ်ဖိဆီးမူများခြင်းသည် အစာစားချင်စိတ်လုံးဝပျောက်ဆုံးနေနိုင်ပါတယ်။အစာစားချင်စိတ်သည် အသက်အရွယ်အရလည်းများစွာသကိဆိုင်ပါတယ်။
အစာစားချင်စိတ်မရှိခြင်းသည် ကင်ဆာရောဂါရဲ့လက္ခဏာတစ်ခုပင်ဖြစ်ပါတယ်။ပန်ကရိယကင်ဆာ။အစာအိမ်ကင်ဆာနှင့်သားဥအိမ်ကင်ဆာအစရှိသည်တို့ကြောင့် ခံစားရနိုင်ပါတယ်။
အစာစားချင်စိတ်မရှိခြင်းနှင့်အတူ အစာအိမ်နာခြင်း။ရင်ပူခြင်း။ရင်ပြည့်ခြင်း။အသားဝါခြင်းနှင့်ဝမ်းသွားသွေးပါခြင်းတို့လည်းခံစားရနိုင်ပါတယ်။
အစာစားချင်စိတ်မရှိခြင်း ရေရှည်ခံစားရပါက ပိန်ချုံးချိနဲ့ပြီး ကြွက်သားများမရှိဖြစ်ကာ ရေရှည်ခံစားရနိုင်ပါတယ်။
ကုသမူနည်းလမ်းများ
အစာစားချင်စိတ်မရှိခြင်းကို ဆေးဝါးနှင့်ကုသမူခံယူနိုင်ပါတယ်။စိတ်ရောဂါအခြေအနေများကြောင့် အစာစားချင်စိတ်မရှိခြင်းကို စိတ်ရောဂါဆေးဝါးများအကူအညီယူပါ။အစာစားချင်စိတ်မရှိခြင်းကြောင့်အာဟာရချို့တဲ့မူဖြစ်လာပါက အာဟာရဆိုင်ရာအထုူးကုဆရာဝန်နဲ့တိုင်ပင်ပါ။အစာစားချင်စိတ်မရှိခြင်းနှင့်အတူအန်ခြင်း။နာခြင်း။အစရှိသည်များကိုလညိး ကုသမူခံယူပါ။
အိမ်တွင်းကုသရနိနည်းလမ်းများမှာ
-အစာကို အကြိမ်ရေများများခွဲစားပါ
-ကယ်လိုရီပြည့်ဝသောအစာ။အသားဓာတ်ပြည့်ဝသောအစာများကိုစားပါ။
-အသီးဖျော်ရည်။အသားဓာတ်ရရှိသောဖျော်ရည်များသောက်ပါ
-ခံတွင်းလိုက်စေသောချဉ်သောအသီးအနှံအစာအစားများစားပါ်
-ရေဓာတ်ခမ်းခြောက်မူသကိသာစေရန် ဖျော်ရည်များများသောက်ပါ
-အစာစားချင်စိတ်ဖြစ်အောင်စီစဉ်ထားသော ဆိုင်နေရာတွင်စားပါ
-ပေါ့ပါးသောလေ့ကျင့်ခန်းလုပ်ပါ။

Dr.Pyae Shin

ဆက်စပ် ဆောင်းပါးများ