လည်ချောင်းယားတာ အမြန်ဆုံးသက်သာဖို့

လည်ချောင်းယားတာ အမြန်ဆုံးသက်သာဖို့

နွေဦးကာလ မြူထသောသောအခါ လို့ ကဗျာစပ်ခဲ့ကြပေမယ့် ယခုခေတ်အခါမှာတော့ ဆောင်းတွင်းကာလ ဖုန်ထသောအခါ လည်ချောင်းယားခြင်းဝေဒနာ လို့ပြောင်းပြောကြရမဲ့ အနေအထားမျိုးဖြစ်နေပါတယ်။လည်ချောင်းယားယံခြင်းဝေဒနာကို လူတိုင်းခံစားရဖူးပါလိမ့်မယ်။အထဲလည်း ကုတ်မရနဲ့ယားနေသောဝေဒနာသည် အခံရခက်ဆူံးပါ။လည်ချောင်းယားခြင်းသည် ဓာတ်မတည့်သောအကြောင်းကြောင့် သို့မဟုတ် ဗိုင်းရပ်နှင့်ဘက်တီရီးယားပိုးကူးစက်ခံရသောကြောင့်ဖြစ်လာသော လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
လည်ချောင်းယားယံခြင်းဖြစ်စေသောအချက်များစွာရှိပါတယ်။

(1)ဓာတ်မတည့်မူကြောင့်နှာစေးခြင်း
လည်ချောင်းယားယံခြင်းသည်ဓာတ်မတည့်မူကြောင့်နှာစေးခြင်းသည် အများဆုံးဖြစ်ပါတယ်။အမေရိကနိတွင် ဓာတ်မတည့်မူကြောင့်ယားယံနှာစေးခြင်းသည် အများဆုံးဖြစ်လေ့ရှိပါတယ်။ဓာတ်မတည့်မူဖြစ်ခြင်းဆိုသည်မှာ အန္တာရာယ်မရှိဖူးဟုယူဆရသောအရာကို ကိုယ်ခန္န္ဓာမှ တုံပြန်မူလွန်ကဲမူဖြစ်စဉ်ကြောင့် ယားယံခြင်းဖြစ်စေပါတယ်။ဥပမာ ပန်းဝတ်မူန့်။ဖုန်မူန့်။စီးကရက်အငွေံနှင့်အမွှေးများ

(2)အစားအစာကြောင့်ဓာတ်မတည့်ခြင်း
မိမိစားလိုက်သောအစာအမျိုးအစားသည်မိမိနှင့်ဓာတ်မတည့်မူဖြစ်ပါက ပထမဦးစွာလည်ချောင်းယားယံခြင်းဖြစ်စေနိုင်ပါတယိ။ပိုဆိုးပါက အသက်အန္တာရာယ်ထိခိုက်သည်အထိ ဖြစ်စေနိုင်ပါတယ်။ဥပမာ ပဲအမျိုးမျိုး။ပင်လယ်စာများ။နို့ထွက်ပစ ္စည်းများ

(3)ဆေးဝါးနှင့်မတည့်ခြင်း
အချို့ဆေးဝါးများ ပန်နဆလင်နှင့်ပိုးသတ်ဆေးကဲ့သို့ဆေးဝါးများသည် မိမိနှင့်မတည့်ပါက ဓာတ်မတည်းမူများဖြစ်စေပါတယ်။ယားယံခြင်းအစပြုရျ် အသက်သေသည်ထိဆုံးရှုံးမူများပါတယ်။ဆေးဝါးဓာတ်မတည့်ခြင်းတွင်စသောက်သည်နှင့်လည်ချောင်းယားယံခြင်းသည် လျင်မြန်စွာဖြစ်လာစေနိုင်ပါတယ်။

(4)ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးကူးစက်မူဖြစ်ခြင်း
အာသီးရောင်ခြင်းဖြစ်စေသော ဘက်တီးရီးယားပိုးသည် လည်ချောင်းယားယံခြင်းအစပြုကာ လည်ချောင်းနာသည်အထိပိုဆိုးစေနိုင်ပါတယ်။
ရာသီတုပ်ကွေးကြောင့်လည်း လည်ချောင်းယားယံမူဖြစ်စေပါတယ်။ပုံမှန်အအေးမိခြင်းသည် လည်ချောင်းယားယံခြင်းသာမန်သာဖြစ်ပြီး တုပ်ကွေးရောဂါကြောင့်ဖြစ်ပါက ဖျားခြင်း။ကိုယ်လက်ကိုက်ခဲခြင်းပါအတူတကွခံစားရနိုင်ပါတယ်။

(5)ရေဓာတ်ခမ်းခြောက်ခြင်း
ရာသီဥတုပူရျ်ဖြစ်စေ။လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်ဖြစ်စေ။ဖျားနာခြင်းကြောင့်ဖြစ်စေ ရေဓာတ်ဆုံးရူံးကာ ရေဓာတ်ခမ်းခြောက်မူကြောင့်လည်ချောင်းခြောက်ကာ ယားယံစေပါတယ်။

(6)အချဉ်ပြန်ခြင်း
ရင်ပူခြင်းဖြစ်စေသော အက်ဆစ်အချဉ်ပြန်တက်ခြင်းကြောင့်လည်ချောင်းယားယံနာကျင်စေပါတယ်။အချို့အက်ဆစ်ပြန်ခြင်းလူနာများတွင် လည်ချောင်းယားခြင်းသာခံစားရတတ်ပါတယ်။

(7)အချို့ဆေးဝါးဆိုးကျိုးများ
အချို့ဆေးဝါးများသည် ဆိုးကျိုးအနေဖြင့် လည်ချောင်းယားယံပြီး ချောင်းခြောက်ဖြစ်စေတတ်ပါတယ်။ဥပမာအချို့သွေးကျဆေး
လည်ချောင်းယားယံခြင်းသည် ဖြစ်စေသောအကြောင်းရင်းပေါ်မူတည်ကုသရပါတယ်။အချို့အကြောင်းရင်းကြောင့်ဆိုလျှင်အိမ်တွင်းကုသမူလေးများဖြင့်ပြေလည်သက်သာစေနိုင်ပါတယ်။
-ပျားရည်ကို လက်ဘက်စားဇွန်းတစ်ဇွန်းသောက်ခြင်း
-ဆားရေဖြင့်ပလုတ်ကျင်းခြင်း
-လည်ချောင်းယားယံပျောက်စေသောငုံဆေးများငုံခြင်း
-နှာခေါင်းဖြန်းဆေးဖြန်းခြင်း
-လိမ္မော်နှင့်ပျားရည်စပ်ဖျော်ထားသောရေပူတစ်ခွက်သောက်ခြင်းစသည်တို့ကိုအသုံးပြုနိုင်ပါတယ်။

ဓာတ်မတည့်မူကြောင့်လည်ချောင်းယားယံပါက အယားပျောက်ဆေးနှင့်နှာခေါင်းဖြန်းဆေးသုံးပါကသက်သာစေနိုင်ပါတယ်။အအေးမိပါကလည်း အိမ်သုံးဆေးဝါးများဖြင့်ပျောက်ကင်းစေနိုင်ပါတယ်။

ကာကွယ်ခြင်း
လည်ချောင်းယားယံမူမဖြစ်စေရန်ကာကွယ်နိုင်သောအချက်များမှာ
-ဆေးလိပ်သောက်ခြင်းရှောင်ကြဉ်ပါ
-ရေများများသောက်ပါ
-အရက်မသောက်ပါနဲ့
-ရောဂါကူးစက်မူသက်သာစေရန်လက်ကိုသေချာဆေးပါ
-လေကောင်းလေသန့်ရရှိသောနေရာတွင်နေပါ။
လည်ချောင်းယားယံမူသည် ၁၀ရက်ကျော်ခံစားရပါကသေချာဆရာဝန်နှင့်ကုသပါ။လည်ချောင်းယားယံခြင်းအပြင်
-အသက်ရူခက်ခဲခြင်း
-အသံမြည်ခြင်း
-အဖုအပိန့်အင်ပျဉ်ထခြင်း
-မျက်နှာဖောယောင်ခြင်း
-လည်ချောင်းဆိုးရွားစွာနာခြင်း
-ဖျားခြင်း
-မျိုချရခက်ခြင်းစသော အချက်များမှ အချက်တစ်ချက်သာဖြစ်ခဲ့သော်လည်း အမြနိဆုံးအရေးပေါ်ဆေးဝါးကုသမူခံယူရန် နားလည်တတ်ကျွမ်းသောဆရာဝန်နှင့်ပြသသင့်ပါတယ်။

Dr.Pyae Shin

ဆက်စပ် ဆောင်းပါးများ