ဇက်ကြောအမြဲတမ်းတက်နေရင်

 

ဇက်ကြောအမြဲတမ်းတက်နေရင်

အခုလို ဆောင်းရာသီမှာ အိပ်ရာထချိန်တွင် အခံရခက်သောဝေဒနာအဖြစ် လူတိုင်းခံစားဖူးသော ကြွက်သားတောင့်တင်းခြင်းသည် အခံရခက်သောဒေနာတစ်ရပ်ဖြစ်ပါတယ်။နာကျင်တောင့်တင်းခြင်းသည် မိနစ်အနည်းငယ်ပဲကြာတတ်သလို နာရီ သို့မဟုတ် ရက်အတန်ကြာသည်အထိလည်း မပျောက်တတ်ပါ။ကိုယ်ခန္ဓာအနှံတောင့်တင်းနိုင်သော်လည်း အဖြစ်များဆုံးက ဇက်ကြောတောင့်တင်းခြင်းဖြစ်ပါတယ်။ ဇက်ကြောတောင့်တင်းခြင်းသည် လှည့်မရပြုမရ ခေါင်းငုံလို့မရ စသည်ဖြင့် လက္ခဏာရှိပါတယ်။

(1)ဖြစ်စေသောအကြောင်းအရာများမှာ
ဇက်ကြောတောင့်ခြင်းဖြစ်စေသောအကြောင်းအရာများစွာရှိသော်လည်းအဖြစ်များဆုံးအကြောင်းအရာများမှာ
-အလွန်လေးလံသော အိတ်များ။ပစ္စည်းများကို ပခုံးပေါ်တင်ထမ်းခြင်း
-လေးလံသောအရာများကို လက်၂ဖက်သို့မဟုတ် ၁ဖက်တညိးဖြငိ့ဆွဲခြင်း
-အိပ်နေစဉ် လည်ပင်းခေါင်း နေရာမှန်မရှိခြင်း
-ကျီးပေါင်းတက်ခြင်း
-စိတ်ဖိဆီးမူများခြင်း
-ခေါင်းကိုက်ခြင်း
-လေ့ကျင့်ခန်းလုပ်ရာတွင်ဒဏ်ဖြစ်ခြင်း
-ရေနှင့်ဓာတိဆားဆုံးရှုံးခြင်းစသည့်တို့ဖြစ်ပါတယ်။
အဖြစ်နည်းသောအကြောင်းရင်းများဆိုသော်လည်းဖြစ်လာလျှင်အရေးကြီးသောအကြောင်းရင်းများမှာ
-ဦးနှောက်အမြှေးရောင်ခြင်း
-ခါးအဆစ်များဆက်နေခြင်း
-လည်ပင်းကြွက်သားများလိမိနေခြင်း
-မေရိုးနှင့်ခံတွင်းအဆစ်ရောဂါဖြစ်ခြင်းသသည်တို့ဖြစ်ပါတယ်။

(2)ကုသနည်းများ
ဇက်တောင့်ခြင်းသည် အများအားဖြင့်ဆေးဝါးနဲ့ကုသရန်မလိုပါ။လေ့ကျင့်ခန်းလုပ်ခြင်းနှင့်အိမ်တွင်းနည်းလမ်းများနှင့်အဆင်ပြေပါတယ်။
-လေ့ကျင့်ခန်းလုပ်ခြင်း
လည်ပင်းကြွက်သားများ ပြေလျော့စေရန် လည်ပင်းကြွက်သားလေ့ကျင့်ခန်းလုပ်ခြင်းသည် သက်သာစေနိုင်ပါတယ်။
ရှေ့တည့်တည့်ရပ်ကာ လက်နဲ့ခေါင်းကိုကိုင်ရျ် ဘေးဘက်သို့ခေါင်းစောင်းတာလုပ်ပါ။ဘယ်ညာလုပ်လျှင်ကြွက်သားပြေလျော့လာပါလိမ့်မယ်။
နောက်ကြောကြွက်သားများအတွက် လက်နောက်ပြန်အနေအထားနဲ့ဆွဲဆနါကြည့်ပါ။
ပက်လက်အိပ်ကာဒူးကွေးထားရျ် မေးစေ့ရင်ဘတ်ထိအောင်ခေါင်းကိုကွေးချကြည့်ပါ။
-အိမ်သုံးဆေးဝါးများ
ဇက်ကြောတက်သက်သာစေရန် အကိုက်အခဲပျောက်ဆးအချို့ကိုလည်းသောက်ရျ ်ရပါတယ်။
-asprin
-ibuprofen
-acetamiophen
ဆေးဝ့ါးအကူအညီဖြင့် ဇက်ကြောများပြေလျော့စေပါတယ်။သို့သော်အကိုက်အခဲပျောက်ဆေးသည်အစာအိမ်ရောဂါရှိသူများမသောက်သင့်ပါ။
-ရေခဲကပ်ပါ
ရေခဲကပ်ခြင်းသည် နာကျင်ကိုက်ခဲရောင်ရမ်းမူကိုသက်သာစေပါတယ်အလျင်အမြနိသက်သာစေပါတယ်။ရေခဲသည် အာရုံကြောကိုထုံစေပြီးကြွက်သားရောင်ရမ်းမူကိုသကိသာစေပါတယ်။ရေခဲကိုကြွက်သားပေါ်တန်းမတင်ဘဲ အဝတ်တခုခုပတ်တင်ပေးပါ။၁၀မိနစ်ခန့်တင်လျှင်သိသာလာပါလိမ့်မယ်။

-ဇက်ကြောနှိပ်နယ်ခြင်း
နှိပ်နယ်ပေးခြင်းသည် အကြောတက်ခြင်းကို အမြန်သက်သာစေသောနည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။သေချာနည်းစနစ်မှန်စွာနှိပ်လျှင် ကြွက်သားတင်းနေမူကို ပြေလျော့လာစေပါတယ်။

(3)အရေးကြီးသောအချက်များ
ဇက်ကြောတောင့်တင်းခြင်းအပြင်အခြားသော လက္ခဏာများရှိပါက အမြန်ဆုံးကုသမူခံယူပါ။
-ရုတ်တရက်အဖျားကြီးခြင်း
-ခေါင်းကိုက်ခြင်း
-လည်ပင်းတောင့်တင်းခြင်း
-လည်ပင်းဇက်နေရာ အနီကွက်ဖြစ်နေခြင်းစသည်တို့ရှိမရှိ စောင့်ကြည့်ပါ။

Dr.ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ