ခေါင်းညာဘက်ခြမ်းကိုက်နေပြီဆို ဘာဖြစ်နိုင်လဲ? 

ခေါင်းညာဘက်ခြမ်းကိုက်နေပြီဆို ဘာဖြစ်နိုင်လဲ?

ခေါင်းတွေမခံမရပ်နိုင်အောင် တဒုတ်ဒုတ်နဲ့ ထိုးပြီး ကိုက်ခဲနေတာမျိုး ကြုံဖူးတက်ကြပါတယ်။ လွယ်လွယ်ကူကူနဲ့ မသက်သာနိုင် ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ ခေါင်းကြောင့်ဖြစ်တဲ့ နာကျင်မှု မဖြစ်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ဦးနှောက်နဲ့ ဦးခေါင်းခွံတွေမှာ နာကျင်မှုကို ခံစားနိုင်တဲ့ အာရုံကြောတွေ မရှိလို့ပါ။ အိပ်ရေးပျက်တာကစလို့ ဆေးဖြတ်တာမျိုးအထိ အခြားသော အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ခေါင်းညာဖက်အခြမ်း ကိုက်ခဲရခြင်းရဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ဒါကတော့(၁) လူနေမှုပုံစံ ခေါင်းကိုက်စေတဲ့လူနေမှုပုံစံအချို့ကတော့- စိတ်ဖိစီးမှုများခြင်း- မောပန်းနွမ်းနယ်ခြင်း- အစားမမှန်ခြင်း- လည်ပင်းကြွက်သားညောင်းညာခြင်း- အကိုက်ခဲပျောက်ဆေးများ ကြာရှည်စွာ သုံးစွဲခြင်းတို့ပဲဖစ်ပါတယ်။(၂) ရောဂါပိုးဝင်ခြင်းနှင့်ဓာတ်မတည့်ခြင်းနှာခေါင်းလမ်းကြောင်းမှာ ပိုးဝက်တာရယ် ဓာတ်မတည့်တဲ့ ပြသနာအချို့ရယ် ကြောင့်လည်း ခေါင်းကိုက်တက်ပါတယ်။ ဒါတွေကြောင့်ဖြစ်တဲ့ ခေါင်းကိုက်မှုမျိုးတွေမှာဆို ခေါင်းဟာတင်းတင်းကြီး ဖြစ်ပြီး အတော်နာကျင်နေတက်ပါတယ်။(၃) အကိုက်ခဲပျောက်ဆေးအလွန်အကျွံသုံးစွဲခြင်း။ခေါင်းကိုက်ခြင်းကို သံသရာလည်စေတဲ့ပြသနာတစ်ခုပါ။ ခေါင်းကိုက်လို့ ဆေးသောက် အများကြီးသောက်မိလို့ ပိုကိုက်ဆိုတာမျိုးပါ။ ခေါင်းကိုက်ဝေဒနာသည် ၅% လောက်ကြုံတွေ့နေရတဲ့ကိစ္စပါ။ များသောအားဖြင့် အိပ်ရာထထချင်းမှာ အဆိုးဆုံး ခေါင်းကိုက်တက်ပါတယ်။(၄) အာရုံကြောပြသနာ – ဦးရေပြားမှာရှိတဲ့ ကြွက်သားတွေဆီကလာတဲ့ အာရုံကြော၂ ချောင်းရှိပါတယ်။ သူတို့ထဲကတခုခု ထိမိခိုက်မိအခန့်မသင့် ဖြစ်တဲ့အခါ စူးခနဲ စူးခနဲ တစ်ဘက်ထဲမှာပဲ ခေါင်းကိုက်တက်ပါတယ်။- ခေါင်းနဲ့ဦးနှောက်ကိုလွှတ်တဲ့ သွေးလွှတ်ကြောတွေ ထိခိုက်တာ ရောင်ရမ်းတာ စတဲ့အခြေအနေမျိုးတွေမှာလည်း ခေါင်းကိုက်တက်ပါတယ်။ ဒီလိုကိုက်တဲ့အခါ မျက်စိဝါးတာ၊ ပုခုံးမေးရိုးနာတာ စတဲ့လက္ခဏာတွေနဲ့လည်းတွဲပြီး တွေ့ရတက်ပါတယ်။- မျက်နှာကနေ ဦးနှောက်ဆီက ထိမှုသိမှု အာရုံတွေပို့ပေးတဲ့ အာရုံကြောဒဏ်ရာရာရင်လည်း ခုလိုတစ်ဘက်တည်းမှာ ခေါင်းကိုက်တက်ပါတယ်။(၅) အခြားအကြောင်းအရင်းများ- ထိခိုက်ဒါဏ်ရာရခြင်- သွေးကြောဖောင်းခြင်း(Aneurysm)နဲ့- ဦးခေါင်းညာဘက်မှာ ဖြစ်တဲ့ အလုံးအကျိတ်တွေ ကြောင့်လည်း ခေါင်းညာဖက်တစ်ခြမ်းတည်း ကိုက်ခဲတာမျိုးတွေ ကြုံရနိုင်ပါတယ်။ခေါင်းကိုက်သက်သာစေမဲ့ နည်းလမ်းများ၁။ လည်ပင်းအနောက်ဘက်ကို ကျပ်ပူထိုးပါ။၂။ ရေနွေးနွေးနဲ့ရေချိုးပါ။၃။ အခန်းအပြင်ထွက်ပြီး လေးကောင်းလေသန့် ရှူ ပါ။၄။ တစ်ရေးတစ်မော အိပ်လိုက်ပါ။၅။ ဆံပင်တွေ စည်းထားတာရှိရင် ဖြေလျော့လိုက်ပါ။၆။ ရေများများသောက်ပါ။၇။ ခန္ဓာကိုယ် အနေထားကို သက်သာသလို ရွေ့ပြောင်းပေးပါ။အကိုက်အခဲပျောက်ဆေးတချို့သောက်သုံးပေးခြင်းအားဖြင့်လည်း  ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။ဒါပေမဲ့ ဆေးသောက်မှ ပျောက်မယ်ဆိုတဲ့စိတ်ကြီးစွဲပြီး ဆေးအပေါ်မှီခိုလွန်းနေရင်လည်း မလိုလားအပ်တဲ့ပြဿနာတွေဖြစ်နိုင်တာမို့  ဆင်ခြင်ဖို့လိုအပ်ပါလိမ့်မယ်။အရမ်းမခံမရပ်နိုင်လောက်အောင်ကိုက်ခဲမှသာ ဆေးသောက်ဖို့ စဉ်းစားသင့်ပါတယ်။

Dr.လန်း

ဆက်စပ် ဆောင်းပါးများ