“ညှင်း” မဟုတ်တဲ့ စာဖြူ (သို့) ကြက်ဖင်

“ညှင်း” မဟုတ်တဲ့ စာဖြူ (သို့) ကြက်ဖင်

ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ဆယ်ကျော်သက်အရွယ်ကလေးများနှင့် လူငယ်များတွင် မျက်နှာနှင့် လည်ပင်းတဝိုက်တွင် အဖြူကွက်များ ဖြစ်နေသည်ကို ရံဖန်ရံခါ မြင်ရလေ့ ရှိသည်။ ယားယံခြင်း၊ နာကျင်ခြင်းနှင့် အခြားသော လက္ခဏာများ ခံစားရခြင်းမရှိသည့်  မကူးစက်နိုင်သည့် အရေပြားရောဂါတမျိုးဖြစ်ပြီး စာဖြူ (သို့) ကြက်ဖင်ဟု ခေါ်ဆိုကြသည်။ အလွယ်တကူ သက်သာပျောက်ကင်းခြင်းမရှိပဲ အချို့ဆိုလျှင် စာဖြူ/ ကြက်ဖင် စသည်ဖြင့် နာမည်တွင် သွားသည်အထိ (၆လမှ ၇နှစ်ခန့်အထိ) အချိန်ကြာမြင့်နိုင်သည်။စတင်ဖြစ်ပွားစတွင် ပန်းရောင်အကွက်များ၊ အနီရောင်အကွက်များ၊ အင်ပြင်များကဲ့သို့အကွက်များ စသည်ဖြင့် သတိထားမိနိုင်ပြီး မကြာမီပင် အရောင် တဖြည်းဖြည်း လျော့သွားကာ အဖြူကွက်များ ဖြစ်လာနိုင်သည်။ သိသာသည့် လက္ခဏာများ ခံစားရမှု မရှိသော်လည်း မျက်နှာနှင့် လည်ပင်းများတွင်သာ အဖြူကွက်များ အများဆုံး ခံစားရသောကြောင့် မိဘများအနေနှင့် အမြန်ဆုံး သက်သာ ပျောက်ကင်းစေလိုကြသည်။သာမန်အားဖြင့် ညှင်းဖြင့် ဆင်တူသော်လည်း မျက်နှာနှင့် ခန္ဓာကိုယ် အပေါ် ပိုင်းတွင်သာ အများဆုံးဖြစ်ပွားနိုင်ခြင်း၊ ညှင်းကဲ့သို့ အကွက်သေးများ အစုလိုက် ဖြစ် မနေခြင်းနှင့် အလွန်ယားယံတတ်ခြင်းများ မရှိနိုင်သည့်အတွက် အလွယ်တကူ ခွဲခြား သိနိုင်သည်။ သို့သော်လည်း ရောဂါ ခံစားနေရပြီး တကိုယ်ရည် သန့်ရှင်းမှု အားနည်း သူများတွင် အခြားသောရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်ခြင်းကြောင့် ယားယံ ခြင်းနှင့် အခြားသော ရောဂါလက္ခဏာများကိုလည်း တခါတရံတွဲ၍ ခံစားရနိုင်သည်။ဘာကြောင့်ဖြစ်ရသလဲအဓိက ဖြစ်ရသည့်အကြောင်းအရင်းကို တိတိကျကျမသိရှိရသော်လည်း အများဆုံး ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်းများမှာ -ရေဓာတ်ခန်းခြောက်ခြင်း၊အေးမြသောရာသီဥတုတကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းဆပ်ပြာ၊ Lotion စသည်တို့နှင့် မတည့်ခြင်းနှင့်နေလောင်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ဘယ်လိုကာကွယ်နိုင်သလဲအများအားဖြင့် ဆယ်ကျော်သက်အရွယ် ကလေးလူငယ်များတွင်သာ ဖြစ်ပွားတတ်သည့်ရောဂါဖြစ်သည့်အတွက် မိဘများအနေနှင့် ကာကွယ်ရမည့် နည်းလမ်းများ ကြိုတင်သိရှိထားသင့်သည်။အဓိကအားဖြင့် အရေပြားကို ရေဓာတ်ပြည့်နေစေရန် အရေးကြီးသည့်အတွက် ကလေးများအား တနေ့တာအတွက် လိုအပ်သည့် ရေပမာဏ သောက်သုံးစေရန်လိုပြီး အသက်အရွယ်ကိုလိုက်၍ တနေ့လျှင် အနည်းဆုံး ရေနှစ်လီတာခန့် သောက်သုံးပေးသင့်သည်။ အေးလွန်းသော ရာသီဥတုနှင့် ပူလွန်းသော ရာသီဥတုများတွင် ၎င်းထက် ပို၍သောက်သုံးပေးမှသာ ခန္ဓာကိုယ်အတွက် လိုအပ်သောရေပမာဏ ရရှိနိုင်မည် ဖြစ်သည်။အရေပြားရေဓာတ်ဖြည့် Lotion များကိုလည်း ပုံမှန်အသုံးပြုပေးခြင်းဖြင့်ကာကွယ် ပေးနိုင်သည်။ ကိုယ်တိုက်ဆပ်ပြာနှင့် အရေပြားနှင့်ထိသည် အလှကုန်ပစ္စည်းတိုင်းအား အသုံးမပြုမီ အရေပြားနှင့် တည့်မတည့်ကို ဦးစွာစမ်းသတ်ပြီးမှ အသုံးပြုပေးသင့်သည်။အရေးအကြီးဆုံးနှင့် အထူးဂရုပြုရန်မှာ နေလောင်ခြင်းပင်ဖြစ်ပြီး နေလောင်ခြင်းကြောင့် ရောဂါဖြစ်စေနိုင်သလို ရောဂါခံစားနေရသူများတွင်လည်း အဖြူကွက်များ ဖြစ်သည့်နေရာမှအပ အခြားနေရာများ ပို၍ အရောင်ရင့်လာနိုင်သည့်အတွက် ရောဂါကို ပို၍ သတိထားမိနိုင်သည်။ ထို့ကြောင့် နေပူထဲ သွားသည့်အချိန်တိုင်း အင်္ကျီလက်ရှည် ဝတ်ဆင်ခြင်းနှင့် ထီး၊ ဦးထုပ်ဆောင်းခြင်းနှင့် နေလောင်ခံ Creamများ လူးပေးခြင်းကို ပြုလုပ်ပေးသင့်သလို မလိုအပ်ပဲ မိမိကလေးကို အပြင်သို့ ခေါ်သွားခြင်းမျိုး ရှောင်ကျဉ်သင့်သည်။ရောဂါခံစားနေရလျှင်အရေပြားနှင့် သင့်တော်သော ရေဓာတ်ဖြည့် Lotionမျိုးကို ရွေးချယ်အသုံးပြု ခြင်းဖြင့် ရောဂါခံစားနေရသူများတွင်လည်း ပိုဆိုးမလာအောင် ထိန်းထားနိုင်ပြီး အဖြူကွက်များကိုလည်း တဖြည်းဖြည်း သက်သာသွားစေနိုင်သည်။နေလောင်ခြင်းမဖြစ်စေရန် အထူးဂရုစိုက်ရမည်။အလွယ်တကူ သက်သာပျောက်ကင်းသွားခြင်း မရှိသူများ၊အချိန်ကြာမြင့်စွာ ခံစားနေရသူများ၊မျက်နှာတွင် အဖြူကွက်များ သိသာထင်ရှားစွာခံစားနေရသူများနှင့်ပိုးဝင်ခြင်းကြောင့် ယားယံခြင်းနှင့် အခြားသော လက္ခဏာများပါတွဲ၍ ခံစားနေရ သူများအနေနှင့် နားလည် တတ်ကျွမ်းသော ဆရာဝန်နှင့် သွားရောက်တိုင်ပင် ပြသ၍ လိုအပ်သော ကုသမှု ခံယူရမည်ဖြစ်သည်။ကလေးများတွင်ဖြစ်သည့် အရေပြားရောဂါမှ ကင်းဝေးကြပါစေ..။Dr.Tint Tal

ဆက်စပ် ဆောင်းပါးများ