လည်ချောင်းနာလည်း သောက်လို့ရတဲ့အအေး

 

လည်ချောင်းနာလည်း သောက်လို့ရတဲ့အအေး

ဆောင်းရာသီဝင်တော့မှာမို့  အအေးမိတုပ်ကွေးရောဂါတွေကလည်းပျံ့နှံ့ ဖို့ တာစူနေတဲ့အချိန် ရောက်လာပါပြီ

အအေးမိတာပဲဖြစ်ဖြစ် တုပ်ကွေးပဲဖြစ်ဖြစ် အဆိုးဆုံးခံစားရတဲ့ဝေဒနာကတော့ လည်ချောင်းနာတာပါပဲ။

လည်ချောင်းနာသက်သာအောင် အရည်တစ်ခုခုသောက်သုံးပေးနိုင်ပါတယ်။အရည်တမျိုးမျိုးသောက်သုံးတဲ့အခါ တံတွေးထွက်မှုများပြားစေပြီး လည်ချောင်းကို ချောမွေ့စိုစွတ်စေတာကြောင့်  လည်ချောင်းအနာကို သိသိသာသာ သက်သာစေပါတယ်။ဒီနေရာမှာ အများစုကအပူသောက်ကြပြီးတော့ တစ်ချို့ က အအေးသောက်ရင်လည်းသက်သာတယ်ပြောကြပါတယ်။

ဒီတော့ဘယ်ဟာပိုကောင်းသလဲ ကြည့်ကြရအောင်……..

ဘာလို့ လည်ချောင်းနာရသလဲ

အအေးမိတုပ်ကွေးကိုဖြစ်စေတဲ့ဘတ်တီးရီးယားတွေဗိုင်းရပ်စ်တွေဟာခန္ဓာကိုယ်ထဲကအစောင့်ဆဲလ်တွေနဲ့တွေ့ကြပါတယ်။အဲ့ဒီအခါမှာအစောင့်ဆဲလ်တွေကနေပိုးမွှားတွေကိုတိုက်ခိုက်ဖို့မော်လီကျူးအချို့ကိုထုတ်လွှတ်ပါတယ်။မော်လီကျူးတွေထဲက Bradykinin နဲ့ ProstrglandinE2 တို့ဟာလည်ချောင်းထဲမှာရှိတဲ့အာရုံခံအကြောလေးတွေကို လံှု့ဆော်ပေးတဲ့အခါ နာကျင်မှုကို ခံစားရစေပါတယ်။

အေးတဲ့အရည်တွေသောက်ရင် သက်သာတာ တကယ်လား

UKနိုင်ငံက Prof တစ်ယောက်ဖြစ်တဲ့ Ron Eccles ပြောတာကတော့ရေခဲချောင်းတွေရေခဲမုန့်တွေနဲ့  gas ပါဝင်နှုန်းနည်းတဲ့အအေးတချို့ဟာ လည်ချောင်းနာဝေဒနာကိုသက်သာစေတယ်လို့ပြောပါတယ်။ ရေခဲတွေဟာ ရောင်နေတဲ့တစ်ရှူးတွေကို အေးသွားစေနိုင်တဲ့အစွမ်းသတ္တိရှိပြီး နာကျင်မှုကိုအာရုံခံနိုင်တဲ့ နာဗ်ကြောတွေကို ဟန့်တားထားနိုင်တဲ့အစွမ်းသတ္တိရှိလို့ပဲ ဖြစ်ပါတယ်။အအေးတွေသောက်လို့ ပိုပြီးရောင်တယ်ဆိုတာဟာ အယူအဆအမှားတစ်ခုပါ။ချောင်းမဆိုးစေမဲ့ အအေးမျိုးတွေဆိုရင်တော့ ပိုသင့်တော်ပါတယ်။

အအေးနဲ့အပူ ဘာပိုကောင်းလဲ

ကော်ဖီပူပူ၊ရေနွေးပူပူ၊စွပ်ပြုတ်ပူပူတွေဟာ တံတွေးထွက်ရှိမှုကိုပိုမိုများပြားစေပြီး လည်ချောင်းနာသက်သာစေတယ်ဆိုတဲ့ ခံစားချက်ကိုရစေပါတယ်။ နာမည်ကြီး Prof Eccles ရဲ့စမ်းသပ်မှုမှာ အပူသောက်တာ အအေးသောက်တာတွေဟာ လည်ချောင်းနာခြင်းကို လျင်မြန်စွာ သက်သာပျောက်ကင်းစေနိုင်ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် လည်ချောင်းနာခြင်းအတွက် အအေးသောက်တာ၊ရေခဲချောင်းစားတာတွေဟာလည်း သက်သာစေသလို ဟင်းရည်ပူပူသောက်ပေးတာကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်လို့ အသိပေးလိုက်ရပါတယ်။

Dr.KG

ဆက်စပ် ဆောင်းပါးများ