ကလေးက ဘာလို့ခဏခဏလန့်ငိုနေတာလဲ

ကလေးက ဘာလို့ခဏခဏလန့်ငိုနေတာလဲ

ကလေးငယ် အိပ်နေစဉ် ကလေးငယ်ထငိုသည်ကို ကြုံဖူးပါသလား?ကလေးဘာလို့ငိုလဲ ဆိုပြီး အဖြေရှာမရ စိတ်ရှုပ်စရာပါ။မွေးစကလေးငယ်နှင့်မူကြိုအရွယ်ကလေးငယ်များ အိပ်နေစဉ်ငိုယိုချင်သည်  မိဘများအတွက် စိန်ခေါ်မူတစ်ရပ်ပါ။ကလေးအများစုငိုခြင်းသည် အများအားဖြင့် အထွေအထူးစိတ်ပူစရာမရှိပါ။စိုးရိမ်မူအကြောင်းရင်းတစ်စုံတရာကြောင့် ဖြစ်ခဲပါတယ်။ကလေးငယ် ၃၀%က အိပ်နေရင်းငိုတတ်ပါတယ်။

ဘာလို့အိပ်နေစဉ် ကလေးငိုသလဲ?

မွေးစကလေးငယ်နှင့်ကလေးငယ်များသည် အိပ်နေစဉ် သွားကြိတ်ခြင်း၊ငိုခြင်း၊မဲ့ခြင်းများပြုလုပ်တတ်ပါတယ်။အရမ်းငယ်သောကလေးငယ်များသည် အိပ်နေရာမှ နိုးလာလျှင်ရုတ်တရက်ထငိုတတ်ပါတယ်။အရမ်းငယ်သောကမျေားသည် ငိုခြင်းအားဖြင့် ပတ်ဝန်းကျင်နှင့်ဆက်သွယ်သည့်သဘောပြုလုပ်ပါတယ်။မကြာခဏငိုပြီး အိပ်နေစဉ်လည်းငိုတတ်ပါတယ်။ကငေယ်တွင် ဖျားနာခြင်းမရှိဘဲငိုခြင်းသည် စိုးရိမ်စရာမရှိပါ။ရင်ခွင်ပိုက်ကလေးငယ်မှစကလေးကြီးများတွင် အိပ်နေစဉ် အထိတ်တလန့်အိပ်မက်မက်သောကြောင့်ဖြစ်စေ အသံတစ်ုခုခုကြားရသည်ဖြစ်စေ အိပ်နေစဉ် ထငိုတတ်ပါတယ်။အိပ်မက်ဆိုးများကို နှစ်ခြိုက်စွာအိပ်ပျော်နေချိန်မက်တတ်ပါတယ်။

ကလေးအငိုတတ်ရန်မည်သို့ပြုလုပ်သင့်သလဲ?

-အိပ်နေရာမှရုတ်တရက်ကလေးထငိုလျှင် ကလေးကိုအိပ်ရာမှ ပွေ့ချီပါ။အိပ်ရာမှနိုးအောင်ပြုလုပ်ပါ။
-ဆက်တိုက်ငိုလျှင် ညင်သာသောအသံဖြင့် အငိုတိတ်ရန်ကြိုးစားပါ။
-ကလေးငယ် ကျောကုံးနှင့်ဗိုက်ကိုညင်သာစွာပွတ်ပေးပါ။
-နို့စို့အရွယ်ကလေးငယ်ကို နို့တိုက်ပါ။နို့စို့လျှင် အငိုတိတ်နိုင်ပါတယ်။
အချို့ကလေးငယ်သည် အသံတိုးတိုးငိုနေရာမှ သိသာစွာငိုကြွေးတတ်ပါတယ်။ကလေငယ်သည် ဖျားနာခြင်းဖြစ်စေသွားနာခြင်းဖြစ်စေတခုခုခံစားရရျ် ငိုခြင်းသည် အိပ်ရာနိုးသည်အထိငိုတတ်ပါတယ်။

ဘယ်လ်ုအခါဆရာဝန်ပြရမလဲ?

မိမိကလေးငယ် ညတိုင်းငိုခြင်းသည် ဆရာဝန်ပြရန်လိုအပ်သလား?ငိုခြင်းအပြင်
-နာကျင်မူခံစားရခြင်း
-ကလေးအိပ်တတ်သောအကျင့်ပုံစံပြောင်းလဲခြင်း
-ရက်အတန်ကြာအမြဲငိူခြင်းအပြင်အခြားအမူအကျင့်များပါပြောင်းလဲခြင်း
-အစာကျွေွးခြင်းအခက်အခဲများ ဥပနာအမြဲနို့မဝခြင်းတို့ဖြစ်ပါကဆေးခန်းပြပါ။

ကလေးငယ်ရဲ့အိပ်ခြင်းပုံမှန်အိပ်ချိန်
ကလေးများတွင်ပုံမှန်အိပ်သည့်ပုံစံရယ်မရှိပါ။ကလေးအသက်၃နှစ်ကျော်လာသည်နှင့် အိပ်ခြင်းပုံစံအလျင်အမြန်ပြောင်းတတ်ပါတယ်။ကလေးများသည် လူကြီးများထက် အိပ်ချိန်တိုတောင်းပါတယ်။မကြာခဏအိပ်တတ်ပါတယ်။
မွေးစမှတလအရွယ်
အိပ်ချိန်သည် အချိန်ကြာမြင့်တတ်ပါတယ်။အိပ်နေစဉ် ငိုခြင်ူသည် အများအားဖြင့်ဖြစ်လေ့ဖြစ်ထအမြဲရှိပါတယ်။သဘာဝအလင်းရောင်နှင့်ထိတွေ့ပေးခြင်းဖြင့် နှစ်ခြိုက်စွာအိပ်ခြင်းဖြစ်စေနိုင်ပါတယ်။
ကလေးအသက်တလနှင့်သုံးလ
အဆိုပါအသက်အရွယ်သည် ပုံမှန်အိပ်ချိန်ကိုစတင်နေသောအချိန်ဖြစ်ပြီး အိပ်လည်းငို။နိုးလည်းငို။ဆာလည်းငိုတတ်ပါတယ်။
ကလေး၃လမှ၇လအရွယိ
အဆိုပါအသက်အရွယ်တွင်ကလေးသည် ညဘက်အိပ်ချိန်ပိုရှည်နိုင်လာပါတယ်။တနေ့ နေ့ဘက်တကြိမ် ညဘက်တကြိမ်ပဲအိပ်တတ်ပါတယ်။
ကလေး၇လမှ ၁နှစ်
ကလေးအသက်တနှစ်အရွယ်သည် နေ့ဘက်အိပ်ချိန်နည်းလာတတ်ပါတယ်။
ကလေးအသက်တစ်နှစ်အထက်ကလေးများ
ကလေးအိပ်ချိန်များသည်  ကလေးဖျားနာခြင်းကြောင့်ပြောင်းလဲတာမျိုးရှိပါတယ်။ကလေးငယ်များသည် ညဘက်အိပ်ပြီး တခါတရံ မနက်၃နာရီတွင်လန့်နိုးတတ်ပြီး တညလုံးလည်းကစားတတ်ပါတယ်။
အိပ်ခြင်းသည်ကလေးအသက်လငယ်စဉ်နှင့်အသက်အရွယ်လိုက် အရေးကြီးပါတယ်။ကလေးငယ်စဉ် ကလေးအသက်ကိုယ်ပူချိန်နှင့်အိပ်နေစဉ်သက်တောင့်သက်သာရှိရန်လိုအပ်ပါတယ်။အများအားဖြင့် အိပ်နေစဉ်ငိုခြင်းသည် အန္တရာယ်ရှိသော စိုးရိမ်စရာကိစ္စရပ်တစ်ခုတော့မဟုတ်ပါ။ကလေးအိပ်သည့်ပုံစံထူးခြားစွာပြောင်းလဲမူရှိခဲ့လျှင် အိပ်နေစဉ်ငိုခြင်းကို သေချာရှာဖွေသင့်ပါတယ်။

Dr.Pyae Shin

ဆက်စပ် ဆောင်းပါးများ