ဘယ်လိုကလေးတွေမှာ မျက်စိကင်ဆာ ဖြစ်နိုင်လဲ

ဘယ်လိုကလေးတွေမှာ မျက်စိကင်ဆာ ဖြစ်နိုင်လဲ

ရန်ကုန်ကလေးဆေးရုံကြီးကင်ဆာဌာနသို့ မျက်စိကင်ဆာခံစားရသောကလေးများအရောက်များမူသတင်းကို ဖတ်ရပြီးနောက် သိချင်နေသောOndrမှမိခင်များအတွက် မျက်စိကင်ဆာအကြောင်းရေးသားလိုကိရပါတယ်။
မျက်စိကင်ဆာသည် ဖြစ်ပွားမူအနည်းဆုံးကင်ဆာအမျိုးအစားတစ်ခုဖြစ်ပါတယ်။အများအားဖြင့် ကလေးဘဝကတည်းကစတင်ဖြစ်လေ့ရှိပါတယ်။မျက်စိရဲ့အရောင်ကိုသိသောRetinaတွင်ဖြစ်လေ့ရှိပါတယ်။အမေရိကန်တွင် တနှစ်လျှင် ကလေး၃၀၀အောက်လျော့နည်းရျ်သာတွေ့ရှိရပါတယ်။

(1)လက္ခဏာများ
မျက်စိကင်ဆာဖြစ်စေသော လက္ခဏာအထွေအထူးမသတ်မှတ်နိုင်ပါ။မျိုးရိုးဗီဇကြောင့်ဖြစ်ပါတယ်။အစဦးကာလတွင် ရေတိမ်ကဲ့သို့မျက်ဆံမည်းတွင်အဖြူစက်ပေါ်လာကာကြီးလာပြီးကင်ဆာအသွင်ပြောင်းသွားခြင်းဖြစ်ပါတယ်။အခြားသောလက္ခဏာများမှာ
-မျက်လုံးသည် ပုံမှန်ထက်ကြီးနေခြင်း
-မျက်လုံးအလယ်တွင်တိမ်ကဲ့သို့အဖြူကွက်ဖြစ်ခြင်း
-မျက်လုံးအောင့်ခြင်း
-မျက်လုံးအဖြူနေရာတွင် နီခြင်း
-အမြင်အာရုံမကောင်းခြင်းစသည်တို့ဖြစ်စေပါတယ်။မျက်လုံးပြူးထွက်လာခြင်းနှင့်ကြက်ဥကြော်ကဲ့သို့လန်ထွက်လာခြင်းစသည်တို့ဖြစ်လာနိုင်ပါတယ်။

(2)အကြောင်းရင်းများ
မျက်စိကင်ဆာသည် မွေးကတည်းကမျိုးရိုးဗီဇပါလာကာကင်ဆာအဖြစ်ပြောင်းလဲလာခြင်းဖြစ်ပါတယ်။

(3)ရှာဖွေခြင်း
မျက်စိအထူးကုဆရာဝန်နှင့်ဦးစွာစမိးသပ်မူပြုလုပ်သင့်ပါတယ်။ထိူ့နောက်
-မျက်စိကိုအတ်ထရာဆောင်းရိုက်ခြင်း
-MRI သံလိုကိဓာတ်မှန်ရိုက်ခြင်း
-ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း အစရှိသဖြင့် လိုအပ်သလိုရှာဖွေမူပြုလုပ်ရပါတယ်။

(4)ကုသမူ
မျက်စိကင်ဆာသည် ကလေးများတွင် စောစီးစွာရောဂါသိရျ် စောစီးစွာအချိန်မှီကုသမူခံယူပါကကုသမူပျောက်ကင်းကာ အမြင်အာရုံအမြန်ပြန်ရနိုင်ပါတယ်။ကလေးငယ်ရဲ့ကင်ဆာအခြေအနေပေါ်မူတည်ရျ် အောက်ပါနည်းများဖြင့်ကုသမူခံယူနိုင်ပါတယ်။
-ကင်ဆာဆေးသွင်းခြင်းသည် ကင်ဆာအဖုကိုမပြန့်ရန်တားဆီးကာအရွယ်သေးစေပါတယ်။မျက်စိ သို့မဟုတ် သွေးကြောထဲထိုးသွင်းခြင်းဖြစ်ပါတယ်။ကင်ဆာပြန့်နှံနေပြီဆိုပါက သောက်ဆေးဖြင့် ထိန်းချုပ်ပါတယ်။
-Cryotherapyလို့ခေါ်တဲ့ကိရိယာဖြင့် ကင်ဆာဆဲလ်များကိုသေစေနိုင်သောနည်းဖြင့်ကုသခြင်းပြုလုပ်နိုင်ပါတယ်။
-Thermotherapyလို့ခေါ်တဲ့အပူဖြင့်ကင်ဆာဆဲလ်သေရန်ပြုလုပ်နိုင်ပါတယ်။
-Laser therapy လို့ခေါ်တဲ့လေဆာဖြင့်ကင်ဆာရှိသွေးကြောများကိုဖျက်ဆီးခြင်းနည်းဖြင့်ပြုလုပ်နိုင်ပါတယ်။
-ဓာတ်ကင်ခြင်း
-ခွဲစိတ်ကုသခြင်းသည်ကင်ဆာအကျိတ်ဖြစ်ပါက ခွဲစိတ်ကုသရပါတယ်။ထိုနည်းကတော့အမြင်အာရုံပျက်ဆီးတတ်ပြီးမျက်စိထုတ်ပစ်ရပါတယ်။
မျက်စိကင်ဆာသည် အခြားနေရာသို့မပြန့်သည့်အဆင့်ဆိုလျှင် ကုသရျ်ရသောကင်ဆာအမျိုးအစားဖြစ်ပါတယ်။ကုသမူခံယူထားသောကလေးငယ်များသည်လည်း မျက်စိအထူးကုနှင့်ရက်ချိန်းမှန်မှန်ပြသရန်အထူးလိုအပ်ပါတယ်။

Dr.Pyae Shin

ဆက်စပ် ဆောင်းပါးများ