မွေးကင်းစလေးတွေရဲ့  ချက်ကြိုးကို ပိုးမဝင်အောင် ဘယ်လိုထားမလဲ

မွေးကင်းစလေးတွေရဲ့  ချက်ကြိုးကို ပိုးမဝင်အောင် ဘယ်လိုထားမလဲ

 

ချက်ကြိုးဆိုတာ သန္ဓေသားလောင်းလေး မိခင်ဝမ်းထဲမှာ ကြီးထွားရှင်သန်ဖို့ အစာအဟာ၇ တွေကို မိခင်ကနေ သန္ဓေသားဆီကို သယ်ယူပို့ဆောင်ပေးတဲ့ သွေးကြောအစုအစည်းလေးပဲ ဖြစ်ပါတယ်။ ကလေးလေးဟာ မိခင်ဝမ်းကနေဖွားမြင်ပြီးတဲ့ အခါမှာတော့ မိခင်နို့စို့နိုင်ပြီ ဖြစိတာကြောင့် မွေးမွေးပြီချင်းမှာ ချက်ကြိုးကို ဖြတ်ပစ် ၇ပါတယ်။ မွေးဖွားပေးတဲ့ ဆရာဝန်|သားဖွားဆရာမ တွေဟာ ဖြတ်လိုက်ပြီးချက်ကြိုးထိပ်လေးကို ညှပ်လေးနဲ့ ညှပ်ပေးလိုက်တက်ကြပါတယ်။

အဲဒီ ချက်ကြိုးငုတ်စုလေးကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက် ကြမလဲ။

၁) ချက်ကြိုးကို အစဉ် သန့်ရှင်း ခြောက်သွေ့ အောင်ထာပါ။ သန့်ရှင်း ခြောက်သွေ့မှု သည် ချက်ကြိုးကို ထိန်းသိမ်း စောင့်ရှောက် ရာတွင် အရေးကြီးဆုံး အချက်ဖြစ်သည်။

၂) ချက်ကြိုး နှင့် ချက်ကြိုးအနီးတဝိုက်ကို သနိ့ရှင်းနေစေရန် ready made alcohol swab သို့ လက်သန့်ဆေး၇ည်တို့ထားသော သန့်ရှင်းသည့် ဂွမ်းစဖြင့် အသာပွတ်ပေးပါ။ (သတိ- အ၇က်ပြန်ဖြင့် မပွတ်၇)

၃)ချက်ကြိုးကို ပေါင်ဒါမှုန့် ဗမာဆေးမှုန့် ဘာအမှုန့် ညာအမှုန့် များ မလူးရပါ။

၄) ချကိကြိုးပေါ် Diaper မအုပ်ထားရ။ ချက်ကြိုးရှိမည့်နေရာတွင် အပေါက်ပါသော မွေးကင်းစကလေးသုံး Diaper သုံးလျင်ပိုပြီး အဆင်ပြေပါသည်။

၅) ချက်ကြိုးမကြွေသေးသ၍ ကလေးကိုရေလောင်းမချိုးရပါ။ ရေပတ်ဝတ်တိုက်ပေးနိုင်ပါသည်။

၆) ချက်ကြိုးကို အစဉ်ခြောက်သွေ့နေစေ၇န် အနှီးပါးပါးဖြင့်သာအုပ်ထားပေးပါ။

၇) ချက်ကြိုးကြွေစေရန်(ချက်ကြိုးသည် ကြွေခါနီးဆဲဆဲ တည်းတည်းလေးဖြစ်နေစေကာမူ) မိမိလက်ဖြင့် ဘယ်တော့မှ မဆွဲမိပါစေနှင့်။ သူ့ဘာသာ လုံးဝ ကြွေသည်အထိစောင့်ပါ။

၈)ပုံမှန်ဆို ချက်ကြိုးဟာ မွေးပြီး ၂ ပတ်ကနေ ၃ ပတ်ဆို ကြွေပါတယ်။ ချက်ကြိုးကြွေတဲ့အခါ သွေးအနည်းငယ်ထွက်နိုင်ပါတယ်။မစိုးရိမ်ပါနှင့်။ ပြည်ထွက်လျင်၊ယောင်ချက်ကြိုးကြွေပြီးလျင်လည်းလျင်သာဆရာဝန် နှင့်ပြပါ။

၉) ချက်နှင့် ချက်ပတ်လည် ကို အထက်မှာပြောသည့်အတိုင်း သန့်ရှင်းရေးလုပ်ပါ။ခြောက်သွေ့စွာထားပါ။ ချက်ကြွေပြီး ၂ ပတ်နေလျင် ချက်အနာကျက်ပါသည်။

Dr.Wutyi

ဆက်စပ် ဆောင်းပါးများ