သားသားလေးမှာ ဥတစ်လုံးပါမလာခဲ့ရင်

 

သားသားလေးမှာ ဥတစ်လုံးပါမလာခဲ့ရင်

မိမိသားငယ်လေးရဲ့ ကယ်ပယ်အိတ်ထဲတွင်ဝှေးစေ့မပါလာသည်ကို သင်သိရှိသောအခါ အထူးစိတ်ပူပန်မူမြင့်တက်လာနိုင်ပါတယ်။ဘာအတွက်ကြောင့် ထိုသို့ဖြစ်ရသည်ကို သင်သိလိုမည်မှာမလွဲပါ။ကိုယ်ဝန်ဆောင်ကာလမွေးခါနီးအချိန်တွင် ရင်သွေးငယ်သည်ပြောင်းလဲမူမျိုးစုံဖြစ်လာပါတယ်။မျက်စိအိမ်ကျယ်လာပါသည်။အရိုးအဆစိသန်မာလာပြီး အလေးချိန်တိုးလာပါသည်။ထို့အတူ ယောကျာၤးလေးများတွင် ဝှေးစေ့များသည် လိင်တံနောက်ဘက်ရှိကပ်ပယ်အိတ်ထဲသို့အလုံးစုံ ဆင်းပါသည်။
သို့သော် တခါတရံ ဥတလုံး သို့မဟုတ် ၂လုံးလိုးသည် နေရာမှန်သို့မဆင်းကြပါ။ထိုအခြေအနေကို ဥမဆင်းသောဝှေးစေ့ဟုဆိုနိုင်ပါတယ်။သားယာကျာၤးရင်သွေးတိုင်းဖြစ်နျုင်သော်လည်း မွေးရက်ထက်စောစောမွေးသောကလေးများတွင် ပိုမျုဖြစ်နိုင်ချေရှိပါတယ်။သားငယ် အသက်၆လထိတိုင်အောင် ဥသည်နေရာမှန်သို့ ပုံမှန်အတ်ုင်းမဆင်းလာလျှင် ခွဲစိတ်မူပြုလုပ်ရန်လိုနိုင်ပါတယ်။
ဥ မဆင်းခြင်းဖြစ်စေသောအကြောင်းရင်းများမှာ  ဆရာဝန်များမှ အသေအချာမသိနိုင်သေးပါ။သို့သော် မျိုး ရိုးဗီဇ။မိခင်ကျန်းမာရေးနှင့်ပတ်ဝန်းကျင်လွှမ်းမိုးမူများကြောင့် ဟော်မုန်းနှင့်အာရုံကြောထိခိုက်မူများကြောင့်ဖြစ်နိုင်ပါတယ်။
သေချာသောအကြောင်းရင်းမရှိသော်လည်း ဖြစ်စေနိုင်သောအခြေအနေများမှာ
-မွေးရက်စောမွေးခြင်း
-မိသားစုအတွင်းမျိုးရိုးဗီဇပြဿနာများ
-မွေးရာပါ ရောဂါများ
-ပေါင်မပြည့်ခြင်း
-ပိုးသတ်ဆေးများထိခြင်းစသည်တို့ဖြစ်ပါတယ်။
မိခင်သည်  ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရှိခြင်း။အဝလွန်ခြင်းနှင့်အရက်။ဆေးလိပ်နှင့်မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကြောင့်ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုသတိထားမိနိုင်သလဲ?
အဓိက သတိထားမိသည်မှာကလေးငယ်ရဲ့ကယ်ပယ်အိတ်သည် ပြားနေတတ်ပြီး တလုံးဘဲမဆင်းလျှင် တဘက်နဲ့တဘက်မညီပါ။ထို့သို့ မွေးစကတည်းက ကလေးကိုသေချာစမ်းသပ်ပြီး ပြဿနာတစုံတရာရှိလာပါက သေချာနားလည်တတ်ကျွမ်းသောကလေးဆရာဝန်နှင့်ပြသစစ်ဆေးပါ။ဥ မဆင်းသောအခြေအနေဖြစ်လာပါက အခြားသောရောဂါအခြေအနေများကိုလည်း စမ်းသပ်ရှာဖွေပါ။
-ဝှေးစေ့အပိုပါခြင်း
ဥ နေရာမှန်မဆင်းခြင်းတွင် ဝှေးစေ့မပိုပါသည်လည်း ဖြစ်နေနိုင်ပါသည်ကို စမ်းသပ်ခြင်းဖြင့်သိလာနိုင်ပါတယ်။
-နေရာရွေ့နိုင်သောဝှေးစေ့
ကယ်ပယ်အိတ်အတွင်းရှိဝှေးစေ့သည် လက်နဲ့ညစ်ကြည့်ပါက အပေါ်သို့တက်ကာ ပြန်လျော့လျှင်အောက်ပြန်ကျသည်ကို တွေ့ရှိနိုင်ပါတယ်။
ဥ နေရာမှန်မဆင်းခြင်းကြောင့်ဖြစ်စေနိုင်သောအခြေအနေများမှာ
-ကလေးမရနိုင်သောပြဿနာများ
သုတ်ပိုးသည် ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းများထက် အပူချ်န်သည် အေးသောနေရာရှိရန်လိုအပ်သောကြောင့် ဥမဆင်းလျှင် ကလေးမရနိုင်သောပြဿနာများဖြစ်စေနိုင်ပါတယ်။ပေါင်ကြားထဲတွင် ခိုနေလျှင် ပိုဆိုးတတ်ပါတယ်။ကုသမူသည်လည်း ကွာခြားနိုင်ပါတယ်။
-အူကျခြင်း
အူများသည် ကြွက်သားကြားများမှဖြတ်ရျ် ကပ်ပယ်အိတ်ထဲတိုးဝင်လာသောအခြေအနေဖြစ်ပါတယ်။
-ဒဏ်ရာရခြင်း
ဝှေးစေ့သည်နေရာမှန်မရှိသောကြောင့် ဒဏ်ရာပိုမိုရနိုင်ပါတယ်။
-ကင်ဆာ
ဝှေးစေ့နေရာမှန်မရှိသူများသည် ဝှေးစေ့ကင်ဆာဖြစ်ရန် ပိုမိုဖြစ်လွယ်နိုင်ပါတယ်။
-ဝှေးစေ့လိမ်ခြင်း
သုတ်ရည်ကို လိင်တံဆီသို့ပို့ပေးသော  အချောင်းတံလိမ်သွားသောအခါ အလွန်နာကျင်ပြီး ဝှေးစေ့ဆီသို့သွေးလှည့်ပတ်မူမရောက်တော့ပါ။
ကုသမူ
ကလေးငယ်အများစုသည် လအနည်းငယ်ကြာသောအခါ ကုသမူအထွေအထူးမရှိဘဲ နေရာမှန်သို့ရောက်ရှိနိုင်ပါတယ်။ပုံမှန်စမ်းသပ်မူပြုလုပ်ပြီး အသက်၆လထိ နေရာမှန်မရောက်ခဲ့သော်ခွဲစိတ်မူပြုလုပ်ရန် ခွဲစိတ်အထူးကုနဲ့တိုင်ပင်ပါ။ခွဲစိတ်မူ အဓိက ကုသမူတစ်ခုဖြစ်ပါတယ်။ခွဲစိတ်မူသည် ကလေးအသက်၆လ နှင့်တနှစ်ကြားအတွင်းပြုလုပ်လျှင်အသင့်တော်ဆုံးဖြစ်ပါတယ်။ကုသမူသည် အချိန်မှီပြုလုပ်လျှင် ကလေးမရသောပြဿနာများ နည်းပါးနိုင်ပါတယ်။ဟော်မုန်းနည်းဖြင့်ကုသမူပြုလုပ်နိုင်သော်လည်းမထိရောက်ပါ။ဆိုးကျိုးများနိုင်ပါတယ်။

Dr.ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ