ကလေးငယ်တွေကို ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးစေမဲ့ သံဓာတ်ချို့တဲ့မှုပြဿနာ

ကလေးငယ်တွေကို ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးစေမဲ့ သံဓာတ်ချို့တဲ့မှုပြဿနာ

ကလေးငယ်အများစုဟာ အစားအသောက်ဂျီးများပြီး အစာကျွေးရတာခက်တဲ့အတွက် သံဓါတ်ချို့တဲ့မှုပြသာနာဟာ ကလေးငယ်လေးတွေမှာ အတွေ့ရများပြီး အဖြစ်များလေ့ရှိပါတယ်။လေ့လာမှုတွေအရ ကလေးငယ်အယောက်၁၀၀မှာ ၈ယောက်လောက်ဟာ သံဓါတ်ချို့တဲ့နေကြောင်းသိရပါတယ်။

အမေရိကန်နိုင်ငံ အမျိုးသားကျန်းမာရေးကောလိပ်ရဲ့ဖော်ပြချက်အရ

အသက်၇လကနေ တနှစ်အရွယ်ကလေးငယ်တွေမှာဆိုရင် တနေ့လျှင် သံဓါတ် ၁၁မီလီဂရမ် ရရှိရန်လိုအပ်ပြီး

တနှစ်မှ သုံးနှစ်အရွယ်ကလေးတွေမှာဆိုရင် တနေ့လျှင် သံဓါတ် ၇ မီလီဂရမ် ရရှိရန်လိုအပ်ကာ

၄နှစ်မှ ၈နှစ်အရွယ်ကလေးတွေမှာဆိုရင်တော့ တနေ့လျှင် သံဓါတ် ၁၀ မီလီဂရမ်လိုအပ်ကြောင်းသိရပါတယ်။

သံဓါတ်ဆိုတာဟာ ကလေးငယ်တွေကျန်းမာရေးကောင်းပြီး ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓါတ်တမျိုးဖြစ်ပါတယ်။ကလေးငယ်တွေဟာ ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်ဖြစ်လို့ အရွယ်ရောက်ပြီးသား လူငယ်တွေလူကြီးတွေထက် သံဓါတ်ပိုလိုအပ်ပါတယ်။သံဓါတ်ချို့တဲ့ပါက ကလေးတွေဟာ အစာစားချင်စိတ်မရှိတာ၊ကိုယ်အလေးချိန်မတက်တာ၊ဦးနှောက်ဖွံ့ဖြိုးမှုနှေးတာ၊ဖြူဖတ်ဖြူရော်ဖြစ်တာ၊နည်းနည်းလှုပ်ရှားတာနဲ့မောတဲ့အတွက်သိပ်မဆော့သိပ်လှုပ်လှုပ်ရှားရှားမရှိတာ၊ပင်ပန်းနွမ်းနယ်နေတာ၊လက်သည်းတွေဆိုလည်း ဇွန်းလိုမျိူးခွက်နေတာ ပါးပီးကျိူးလွယ်တာ စတာတွေဖြစ်နိုင်ပါတယ်။ဒါတွေအပြင် အသက်ရှုလမ်းကြောင်းခဏခဏပိုးဝင်ပြီးနေမကောင်းဖြစ်တာ၊နှလုံးကြီးတာတွေလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့် သံဓါတ်ချို့တဲ့မှုမဖြစ်အောင် ကလေးခြောက်လပြည့်လို့ မိခင်နို့အပြင် ဖြည့်စွက်စာစကျွေးတဲ့အချိန်ကစပြီး သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို သေချာဂရုစိုက်ကျွေးဖို့လိုပါတယ်။

အသား၊ငါး၊အသည်း၊ကြက်ဥ၊နို့နဲနို့ထွက်ပစ္စည်းများ၊ပဲအမျိုးမျိုး၊ဟင်းနုနွယ်၊ကျောက်ဖရုံသီး စတဲ့အစားအစာတွေ သံဓါတ်ကြွယ်ဝစွာပါတဲ့အစားအစာတွေဖြစ်ပါတယ်။အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ဒီလိုသံဓါတ်ကြွယ်ဝတဲ့အစားစာတွေကိုကျွေးရာမှာ ကလေးတွေနှစ်သက်သဘောကျမယ့်ပုံစံနဲ့ကျွေးဖို့လိုပါတယ်။ဒါမှသူတို့က စားမှာပါ။ဥပမာ အသားဆိုရင် ဒီအတိုင်းကျွေးတာမျိုးထက် အသားညှပ်ပေါင်မုန့်လုပ်ကျွေးတာ၊ကော်ပြန့်ထဲအသားထည့်ေြက်ာကျွေးတာ၊ဖက်ထုပ်လုပ်ကျွေးတာမျိုးပါ။ကြက်ဥကြော်တာ၊ပြုတ်တာတွေကျွေးတဲ့အခါမှာဆိုရင်လည်း ကလေးသဘောကျနိုင်တဲ့ ကာတွန်းမျက်နှာပုံ၊အသည်းပုံစတဲ့ပုံစံလေးတွေဖော်ကျွေးတာမျိုးပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ