
မေ့ဆေးပေးခံရဘူးတဲ့ကလေးတွေ ဉာဏ်ရည်ထိခိုက်သလား

မိမိရင်သွေးသားငယ်သမီးငယ်များတွင် အကြောင်းတစုံတရာကြောင့် ခွဲစိတ်မူပြုလုပ်ရမည်ဆိုလျှင် မိဘရော ကလေးငယ်ရော ကြောက်ရွံ့နေတတ်ပါတယ်။ မိဘများအနေဖြင့် မိမိရင်သွေးငယ်ကို ကျန်းမာသန်စွမ်းသော ရင်သွေးလေးများအဖြစ် အသက်ရှင်နေထိုင်သည်ကိုသာ မြင်တွေ့ချင်ကြပါတယ်။ မလိုအပ်ပဲ နာကျင်မူအဆင်မပြေမူများကြုံတွေ့နိုင်သော ဓားသွားအောက်က ခွဲစိတ်မူကို မပြုလုပ်စေချင်ကြပါ။(1)ကလေးသူငယ်များတွင်အများဆုံးပြုလုပ်ရသောခွဲစိတ်မူများမှာ- အာသီးဖြတ်ခြင်းအာသီးရာင်နေသောအခါ အာသီးဖြတ်ခြင်း၊ အာသီးရောင်ခြင်းကြောင့် အသက်ရူပိတ်ခြင်း၊ ဟောက်ခြင်းဖြစ်နေသောကလေးများတွင် အာသီးဖြတ်သောခွဲစိတ်မူပြုလုပ်လေ့ရှိပါတယ်။- နားထဲပြွန်ထည့်ခြင်းနားထဲပိုးဝင်ခြင်း ကြာရှည်စွာ ခံစားနေရသောကလေးငယ်များတွင် နားထဲပြွန်ထည့်ခြင်းပြုလုပ်လေ့ရှိပါတယ်။ သို့မှသာ ပိုးကူးစက်မူသက်သာစေပြီး နား လုပ်ဆောင်မူပုံမှန်ဖြစ်စေပါတယ်။ ပြွန်ထည့်မူသည် ပိုးကူးစက်မူကြောင့် အကြားအာရုံပျောက်ကာ စကားမပြောတတ်သော ကလေးငယ်များတွင်လည်း ပြုလုပ်လေ့ရှိပါတယ်။အခြားသောခွဲစိတ်မူများစွာကိုလည်း ကလေးငယ်များမဖြစ်မနေပြုလုပ်ကြရပါတယ်။ ဥပမာ မွေးရာပါနှလုံးရောဂါများနှင့်အရိုးရောဂါများဖြစ်ပါတယ်။ထို့သို့ခွဲစိတ်မူပြုလုပ်ခဲ့လျှင် အများအားဖြင့်ကလေးငယ်များကို မေ့ဆေးပေး၍သာပြုလုပ်လေ့ရှိပါတယ်။ သို့မှသာကလေးငယ်သည် ခွဲစိတ်မူပြုလုပ်စဉ်တလျောက် နာကျင်မူမခံစားရဘဲ သက်တောင့်သက်သာသတိမေ့နေပါလိမ့်မည်။ထိုအခါ အဆိုပါမေ့ဆေးသည် ကလေးငယ်များအတွက်ဘေးကင်းရဲ့လား?ဆိုသောမေးခွန်းက အရေးကြီးလာပါတယ်။မေ့ဆေး၊ ထုံဆေး ဆိုးကျိုးအန္တရာယ် အသက်ကြီးသည်ဖြစ်စေ ငဟ်သည်ဖြစ်စေ လူတိုင်းခံစားရနိုင်ပါတယ်။ မိခင်များအနေဖြင့်သိချင်သည်မှာမေ့ဆေးပေးပြီးနောက်ကလေးငယ်ဦးနှောက်ဖွံ့ဖြိုးမူထိခိုက်နိုင်သလားဆိုသောမေးခွန်းပင်ဖြစ်ပါတယ်။(2) ထိုအခါသင်ဘာလုပ်သင့်သလဲ?သင့်ကလေးငယ်ကိုခွဲစိတ်မူပြုလုပ်ခိုင်းသည်မှာ ကစားကွင်းအတွင်းတွင် ဘားတန်းပေါ်လမ်းလျောက်ခိုင်းသကဲ့သို့ဖြစ်ပါတယ်။ လဲကျနိုင်ရန်အခွင့်များသော်လည်း အောင်မြင်လျှင် စိတ်ဓာတ်ခွန်အားကောင်းစေပြီးယုံကြည်မူပိုမိုစေလာနိုင်ပါတယ်။ ခွဲစိတ်မူကြောင့် အန္တရာယ်များနိုင်သည်ဟုဆိုသော်လည်း ခွဲပြီးနောက်ရလဒ်သည် ကလေးငယ်အတွက်အလွန်တရားထူးခြားကောင်းမွန်မူဖြစ်စေနိုင်ပါတယ်။ ဆရာဝန်များအနေဖြင့်လည် ကလေးငယ်များခွဲစိတ်မူကိုလိုအပ်မှသာပြုလုပ်ပေးပါတယ်။ကလေးငယ်အချို့ ခွဲစိတ်ပြီးနောက် မေ့ဆေးပေးခံရပြီးနောက် ဦးနှောက်ဖွံဖြိုးမှုထိခိုက်သည်ဟုဆိုရာတွင် မေ့ဆေးကြောင့်ဟု တထစ်ချပြောမရပါ။ ကလေးငယ်ရဲ့ပူးတွဲရောဂါများနှင့် ခွဲစိတ်မူအမျိုးအစားပေါ်လည်းမူတည်ပါတယ်။ ဖွံဖြိုးမှုနောက်ကျနေသောကလေးငယ်ရဲ့အကြောင်းရင်းသည် မိဘများရဲ့သင်ကြားမူစွမ်းရည်နိမ့်ကျခြင်း၊ ပေါင်မပြည့်ခြင်းနှင့် မိသားစုစီးပွားရေးနိမ့်ကျမူကြောင့်ထောက်ပံ့မူအားနည်းခြင်းစသည်တို့နှင့်များစွာသက်ဆိုင်ပါတယ်။(3) ကလေးငယ် ပိုမျုဘေးကင်းနိုင်စေရန် မိဘများအနေဖြင့်ပြုလုပ်၍ ရနိုင်သောအချက်များမှာ– ရောဂါနယ်ပယ်တွင်ကျွမ်းကျင်သောဆရာဝန်များနှင့် ထပ်တလဲလဲတိုင်ပင်ပါ။အကြံဉာဏ်ယူပါ။- ခွဲစိတ်မူပြုလုပ်ရာတွင် ပါဝင်မည့်မေ့ဆေးအထူးကုဆရာဝန်နှင့်ကောင်းကျိုး၊ ဆိုးကျိုးကို သေချာတိုင်ပင်ပါ။ မေ့ဆေးပေးပြီးနောက်ကြုံတွေ့လာနိုင်သောအခက်အခဲများကိုကြိုတင်တိုင်ပင်ပါ။မေးပါ။- မိမိကလေးငယ်ကို ခွဲစိတ်မည့်အထူးကုဆရာဝန်နှင့် မခွဲစိတ်လျှင်ဘာဖြစ်နိုင်မလဲ?ခွဲစိတ်ပြီးရလာနိုင်မည့်အကျိုးကျေးဇူးများကိုသေချာပွင့်လင်းစွာဆွေးနွေးပါ။ခွဲစိတ်မူကြာချိန်နှင့်နာလန်ပြန်ထချိန်ကိုတိုင်ပင်ပါ။- မိမိကလေးအတွက် သုံးနိုင်သောမေ့ဆေးများအကြောင်းကြိုတင်လေ့လာထားပါ။သုတေသနလေ့လာချက်များစွာအရ ကလေးငယ်ရဲ့အပြုအမူနှင့်ဖွံဖြိုးမူနောက်ကျခြင်းပြသနာများသည် မေ့ဆေးပေးခံခဲ့ရသောအချက်နှင့် တိုက်ရိုက်ဆက်စပ်မူမရှိသည်ဟု တွေ့ရှိကြပါတယ်။Dr. ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ