ကင်ဆာရောဂါသည် လူအများအတွက် ကြောက်လန့်ဖွယ်ရောဂါဆိုးတစ်ခုဖြစ်ပါတယ်။မိမိမှာ ဝေဒနာတစ်ခုခံစားရလျှက် ကင်ဆာများဖြစ်နေပြီလားဟု ထိတ်လန့်စွာ တွေးတောတတ် မေးမြန်းတတ်ကြပါတယ်။
အကြမ်းအားဖြင့် ကင်ဆာလက္ခာဏာများဟု ခန့်မှန်းနိုင်သော လက္ခာဏာအချို့ကို ဖော်ပြလိုက်ပါတယ်။
(၁) သင့်အရေပြားပေါ်တွင် အစက်များ အမှတ်အချို့သည် အရွယ်၊အရောင်ပုံစံပြောင်းလဲမူရှိခဲ့လျှင် အရေပြားကင်ဆာ၏ လက္ခာဏာဖြစ်နိုင်ချေဖြစ်ပါတယ်။ဆရာဝန်နဲ့ပြသစစ်ဆေး အသားစယူပြီး ကင်ဆာဆဲလ်ဟုတ်မဟုတ် စစ်ဆေးရပါမယ်။
(၂) ရင်သားပုံစံပြောင်းလဲမှုရှိတိုင်း ကင်ဆာရောဂါဟု မဆိုနိုင်ပါ။ဒါပေမယ့် ဆရာဝန်ဆီမှာ စမ်းသပ်မူတော့ခံယူသင့်ပါတယ်။အကျိတ်၊နို့သီးခေါင်းပြောင်းလဲမှု၊အရည်ထွက်မူ၊နီ၊ ထူ၊နာတာ စသည့်တို့ကို ဆရာဝန်ကိုပြောပြသင့်တယ်။သေချာအောင် အသားစယူခြင်း၊MRI ရိုက်ခြင်းနှင့် မန်မိုဂရမ်(mamogram)ရိုက်ခြင်းစသည့်ဖြင့်ပြုလုပ်ရပါမယ်။
(၃)လေပွခြင်းသည် အစာမှားခြင်း(ဝါ) စိတ်ဖိစီးမူများခြင်းကြောင့်ဖြစ်နိုင်ပါသည်။အချိန်တော်ကြာမသက်သာဘဲ ဝိတ်ကျခြင်း၊ခါးနာခြင်း၊အစာပျက်ခြင်းစသည်ဖြင့်တွဲလာပါက အမျိုးသမီးများသားဥအိမ်ကင်ဆာဖြစ်နိုင်ချေရှိလို့ သေချာအောင် ဆရာဝန်နဲ့ပြသစစ်ဆေးပါ။
(၄)အမျိုးသားများအသက်အရွယ်ကြီးလာလျှင် ဆီးသွားရခက်တဲ့ ပြသနာရင်ဆိုင်ရသည်မှာ ဆီးကျိတ်ကြီးသောကြောင့်ဟု ယူဆနိုင်သော်လည်း ကင်ဆာကြောင့်လည်းဖြစ်နိုင်ချေရှိပါတယ်။ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့သွေးစစ်ချက် (PSA test) လုပ်ပါ။
(၅)ရောဂါပိုးဝင်ရောက်လာလျှင် ကိုယ်တွင်းရှိအကျိတ်များကြီးနိုင်သော်လည်းအချို့ကင်ဆာများ( သွေးကင်ဆာများတွင်) ပိုမိုကြီးတတ်သောကြောင့် စစ်ဆေးဖို့လိုပါတယ်။
(၆)ဝမ်းသွားပြီးသွေးပါခြင်းသည်လိပ်ခေါင်းကြောင့်ဖြစ်နိုင်သလို အူမကြီးကင်ဆာကြောင့်လည်းဖြစ်နိုင်သည်။ဆီးသွားရင်းသွေးပါခဲ့လျှင် ကျောက်ကပ်/ဆီးအိမ်ကင်ဆာဟုတ်မဟုတ် စမ်းသပ်သင့်သည်။
(၇)ဝှေးစေ့ကြီးလာလျှင် ဆရာဝန်နဲ့ပြသပါ။မနာကျင်သောအကျိတ်က ကင်ဆာဖြစ်ဖို့အခွင့်အလမ်းများပါတယ်။
(၈)မျိုရခက်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သော်လည်း အစာရေမျိုကင်ဆာကြောင့်လည်းဖြစ်နိုင်ချေရှိပါတယ်။
(၉)အမျိုးသမီးများတွင် မူမမှန်သွေးဆင်းခြင်းသည် သားအိမ်ကင်ဆာ ၊သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေရှိပါတယ်။သွေးဆုံးပြီးမှ ရာသီသွေးပေါ်ခြင်းသည် ပုံမှန်မဟုတ်ပါ။သေချာအောင် ထပ်မံစစ်ဆေးပါ။
(၁၀)သင်သည် ဆေးလိပ်သောက်သူဖြစ်၍ ပါးစပ်တွင်အနာများအချိန်အတော်ကြာမပျောက်ခဲ့လျှင် ခံတွင်းကင်ဆာဖြစ်နိုင်ချေရှိပါတယ်။
(၁၁)သင်သည် ဝိတ်ချရန်ကြိုးစားမူမရှိဘဲ အလေးချိန်လျော့ကျခြင်းသည် ကင်ဆာလက္ခာဏာတစ်ရပ်ဟု ယူဆ၍ရပါတယ်။
(၁၂)မကြာခဏဖျားနာခြင်းသည် သွေးကင်ဆာများတွင် ဖြစ်လေ့ရှိသဖြင့် ဂရုတစိုက် ပြသစစ်ဆေးပါ။
(၁၃)ရင်ပူ/အစာမကြေခြင်းသည် အစာရှောင်ခြင်း၊လေဆေးစားခြင်းဖြင့်
အချိန်တော်ကြာမသက်သာပါက အစာအိမ်ကင်ဆာဖြစ်နိုင်ချေရှိမရှိစစ်ဆေးဖို့လိုပါတယ်။
(၁၄)အားအင်ကုန်ခမ်းမောပန်းလွယ်ခြင်းသည်အကြောင်းရင်းမျိုးစုံကြောင့်ဖြစ်နိုင်သော်လည်း အချို့ကင်ဆာ ဥပမာ လူကီးမီးယား၏ အစောဆုံးလက္ခာဏာတစ်ရပ်ဖြစ်သည်။
Author: Dr.ပြည့်ရှင်း