အမျိုးသားများ စောစီးစွာ သတိထားသင့်သော ကင်ဆာလက္ခဏာများ

အမျိုးသားများ စောစီးစွာ သတိထားသင့်သော ကင်ဆာလက္ခဏာများ

ကင်ဆာရောဂါကို ယောက်ျားရော မိန်းမပါ မကျန် အကုန်ကြောက်တတ်ကြပါတယ်။ ကင်ဆာဖြစ်နိုင်သော ရှေ့ပြေးလက္ခဏာများကိုလည်း ကြိုတင်သိထားချင်ကြပါတယ်။ ကင်ဆာလက္ခဏာ စောစာစီးစီးသတိထားလျှင် မလိုလားအပ်သော အသက်ဆုံးရှုံးမှုများ လျော့နည်းလာပါလိမ့်မယ်။ အမျိုးသားများ သတိထားသင့်သော ကင်ဆာဖြစ်စေသော ရှေးဦးလက္ခဏာများမှာ .

(1) ဝမ်းသွားခြင်း အမူအကျင့်ပြောင်းခြင်း

ဝမ်းသွားမှု မူမမှန်ဖြစ်ခြင်းသည် ပုံမှန်အားဖြင့်ဖြစ်နိုင်သော အကြောင်းရင်း အများကြီးဖြစ်ပါတယ်။ ရေရှည် ပြောင်းလဲမှုသည် အူရောင်သောရောဂါနှင့် အူအကဲဆတ်တတ်သေ ာရောဂါမျာကြောင့် ဖြစ်နိုင်ပါတယ်။ ထို့အပြင် ဝမ်းသွားမှုမူမမှန်ဖြစ်ခြင်းသည် အူမကြီးကင်ဆာ။ ဆီးအိမ်ကင်ဆာနှင့် ဆီးကြိတ်ကင်ဆာတို့နှင့်လည်း ဆက်စပ်နိုင်ပါတယ်။ ရေရှည် ဝမ်းချုပ် ဝမ်းသွားခြင်းသည် ဆေးခန်းပြရန် လိုအပ်ပါတယ်။ နာကျင်ခြင်း။ သွေးပါခြင်းသည် လိပ်ခေါင်း သို့မဟုတ် ကင်ဆာကြောင့် ဖြစ်နိုင်ပါတယ်။

(2) ဆီးပြဿနာများ

အမျိုသားများသည် ဆီးထဲသွေးပါခြင်း သုတ်ရည်ပါခြင်းစသည်တို့ နာတာရှည်ခံစားရပါက ဆီးအိမ်ကင်ဆာဖြစ်နိုင်သောကြောင့် အထူးသတိပြုပါ။

ဆီးသွားရာတွင် နာကျင်ခက်ခဲခြင်းသည် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။ အခြားဆီးကျ်တ်ကင်ဆာလက္ခဏာများမှာ

– ဆီးပုူခြင်း
– ဆီးနည်းခြင်း
– ပန်းညိူးခြင်း
– ဆီးမထိန်းနိုင်ခြင်းစသည့် လက္ခဏာများဖြစ်ပါတယ်။

(3) ကိုယ်အလေးချိန်ကျခြင်း

ကိုယ်အလေးချိန်သည် အစာအစားမှု ပြောင်းလဲမှု မကြိုးစားပဲ ဆက်တိုက်ကျဆင်းလာပါက အခြားသော ရာဂါလက္ခဏာမးကို အထူးဂရုစိုက် စမ်းသပ်မှုခံယူပါ။ ကိုယ်အလေးချိန်ကျဆင်းခြင်းကို သတိမမူဘဲ ပေါ့ပေါ့ဆဆမနေသင့်ပါ။ ကိုယ်အလေးချိန်ကျဆင်းခြင်းသည် များစွာသော ကင်ဆာလက္ခဏာများနှင့် ဆက်စပ်မှုရှိပါတယ်။

(4) ဝှေ့စေ့ပြဿနာများ

အသက်ငယ်စဉ်တွင် ဝှေးစေ့ကင်ဆာဖြစ်ရန် ခဲယဉ်းပါတယ်။ ဝှေးစေ့ကင်ဆာသည် အစောပိုင်းတွင် မည်သည့်လက္ခဏာမှ မပြတတ်ပါ။ ပထမဦးဆုံးသတိထားမိနိုင်သေ ာလက္ခဏာများမှာ

– အလုံးစမ်းမိခြင်း
– နာကျင်ခြင်း
– ကယ်ပယ်အိတ်ထုံကျင်ခြင်း
– ကယ်ပယ်အိတ်ရောင်ခြင်းနှင့် အရွယ်အစားမတူခြင်းတို့ ဖြစ်ပါတယ်။ အဆိုပါ လက္ခဏာများသည် ကင်ဆာဖြစ်နိုင်ချေရှိသော လက္ခဏာများသာ ဖြစ်ပါတယ်။ အခြားပိုးဝင်သော ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။

(5) ရင်သားအကျိတ်များ

ယောက်ျားများ ရင်သားကင်ဆာဖြစ်နိုင်ချေနည်းသော်လည်း အလုံးအကျိတ်ရှိခြင်း။ အရည်ထွက်ခြင်းနှင့် နီရဲခြင်းစသည်တို့ကို သတိပြုသင့်ပါတယ်။

(6) အရေပြားနှင့် ပါးစပ်အနာများ

ကွမ်းနဲ့ ဆေးလိပ်သံုးစွဲသောသူများတွင် အထူးသတိထားသင့်သောအရာမှာ ပါးစပ်အတွင်းအနာများ ပေါက်ခြင်းဖြစ်ပါတယ်။ ပါးစောင်ကင်ဆာနှင့် သွေးကင်ဆာတို့ ဖြစ်နိုင်ပါတယ်။

(7) ချောင်းရက်ရှည်ဆိုးခြင်း

နာတာရှည်ချောင်းဆိုးခြင်းသည် ပြင်းထန်သောရောဂါများရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အဆုတ်ကင်ဆာဖြစ်နိုင်သော လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ အခြားလက္ခဏာများမှာ
– ချောင်းဆိုးသွေးပါခြင်း
– သလိပ်အထွက်များခြင်း
– ရင်ဘတ်အောင့်ခြင်း
– အသံဝင်ခြင်းစသည့် လက္ခဏာများသတိထာသင့်ပါတယ်။

(8) ဗိုက်အောင့်ခြင်းနှင့် ပျိုအန်ခြင်း

ဗိုက်အောင့်ခြင်းသည် အစာအိမ်ရောင်ခြင်းအပြင် အခြားသောအသည်းကင်ဆာ။ အစာအိမ်ကင်ဆာ။ အူကင်ဆာနှင့် ပန်ကရိယကင်ဆာများရဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

(9) အရိုးနာခြင်း

ဆီးကျ်တ်ကင်ဆာနှင့် အဆုတ်ကင်ဆာသည် အရိုးထိပြန့်နှံ့ကာ အရိုးနာတတ်ပါတယ်။ အရိုးကင်ဆာသည် အရိုးအားနည်းကာ ကျိုးကြေလွယ်ပါတယ်။

ဘယ်အခါဆရာဝန်ပြသင့်သလဲ?

ကင်ဆာတိုင်းသည် စောစီးစွ ာသိနိုင်သောလက္ခဏာများ မပြတတ်ပါ။ သိသာထင်ရှား လေက္ခဏာများကို ကင်ဆာနှောင်းပိုင်းမှသိရှိလေ့ရှိပါတယ်။ ထို့ကြောင့် အမျိုးသားများအနေဖြင့် အထက်ပါ လက္ခဏာများဖြစ်လာပါက သတိပြုသင့်ပါတယ်။

Dr. Pyae Shin

ဆက်စပ် ဆောင်းပါးများ