အမျိုးသမီးများ လျစ်လျူရှုမသင့်သော ကင်ဆာလက္ခဏာများ

အမျိုးသမီးများ လျစ်လျူရှုမသင့်သော ကင်ဆာလက္ခဏာများ

အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာသည် အချိန်မရွေး ပြောင်းလဲနိုင်ပါတယ်။ ရောဂါလက္ခဏာတစ်ခု ခံစားရလျှင် အဆိုပါ လက္ခဏာသည် ကင်ဆာလားဆိုတာ နောက်ဆက်တွဲစဉ်းစားစရာပါ။

ဒါကြောင့် အမျိုးသမီးများအတွက် လစ်လျှူမရှုသင့်သော ကင်ဆာလက္ခဏာအကြောင်း ရေးသားပေးလိုက်ပါတယ်။

(1) ရင်သားပြောင်းလဲမှုများ

ရင်သားအကျိတ်တိုင်းကတော့က င်ဆာမဟုတ်ပါ။ သို့သော် ရင်သားပြောင်းလဲမှုကိုတော့ သေချာစစ်ဆေးသင့်ပါတယ်။ အရေပြားပြောင်းလဲလာခြင်း၊ နို့သီးခေါင်းနှင့် အရည်ထွက်ခြင်း စသည်တို့ဖြစ်ပါက သေချာစစ်ဆေးကြည့်ဖို့လိုပါတယ်။

(2) လေပွခြင်း

လေပွခြင်းသည် သာမန်ဖြစ်လေ့ရှိသော လက္ခဏာတစ်ခုပါ။ တပတ် ၂ပတ်ထိ ဖြစ်နိုင်ချေရှိပါတယ်။ သို့သော် အချိန်ကြာလာသည့်အခါ လေပွခြင်းအပြင် သွေးထွက်ခြင်းနှင့် အလေးချိန်ကျဆင်းခြင်းသည် ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ လေပွခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာတွေရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အခြားဖြစ်နိုင်ချရှိသော လက္ခဏာများပေါ်မူတည်၍ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ အသားစစစ်ခြင်းနှင့် မှန်ပြောင်းကြည့်ခြင်းတို့ဖြင့် ရောဂါရှာဖွေသင့်ပါတယ်။

(3) ပုံမှန်မဟုတ်ဘဲ ရာသီလာခြင်း

ရာသီတလ၂ခါလာခြင်း၊ ပုံမှန်မဟုတ်ဘဲလာခြင်းသည် အကြောင်းရင်းကအများကြီးပါ။ သို့သော် အဆိုပါအကြောင်းရင်းထဲတွင် သားအိမ်ကင်ဆာကိုလည်း လစ်လျူမရှုသင့်ပါ။ ထို့ကြောင့် အမျိုးသမီးများ ရာသီသွေးပုံမမှန်ခြင်းကိုလည်း ဂရုစိုက်ပါ။

(4) အရေပြားပြောင်းလဲခြင်း

အရေပြားပေါ်တွင် မူမမှန်အစက်အပြောက်တွေ့ခဲ့လျှင် သတိထားပါ။ အရေပြားကင်ဆာဟုတ်မဟုတ် အသားစ ယူစစ်ကြည့်ပါ။

(5) ဆီးထဲသွေးပါခြင်း သို့မဟုတ် ဝမ်းထဲပါခြင်း

ဆီးထဲသွေးပါခြင်းသည် ဆီးအိမ်ကင်ဆာဖြစ်နိုင်သလို ဝမ်းထဲပါခြင်းသည် လိပ်ခေါင်း သို့မဟုတ် အူမကြီးကင်ဆာအထိ ဆိုးရွားပါတယ်။ မပေါ့ဆသင့်ပါ။

(6) အကျိတ်ကြီးခြင်း

ကိုယ်ခန္ဓာတွင် အကျိတ်များရေရှည်ကြီးပါက သွေးကင်ဆာ ပြန်ရေကြောအကျိတ်ကင်ဆာထိ ဖြစ်နိုင်ပါတယ်။

(7) အစာမျိုရခက်ခြင်း

အစာမျိုရခက်ခြင်းသည် အခြားသောအကြောင်းရင်းများရှိသော်လည်း အန်ခြင်း ကိုယ်အလေးချိန်ကျခြင်းများဖြစ်ပါက လည်ချောင်းကင်ဆာ အစာအိမ်ကင်ဆာများကို သတိထားသင့်ပါတယ်။

(8) ကိုယ်အလေးချိန်ကျခြင်း

အကြောင်းရင်းမရှိ ကိုယ်အလေးချိန်ကျခြင်းသည် ကင်ဆာအချို့ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

(9) ရင်ပူခြင်း

အစာအစားများကြောင့် ရင်ပူခြင်းသည် ခဏတာဖြစ်သော်လည်း ရေရှည်ဖြစ်ပါက အစာအိမ်နှင့် အူလမ်းကြောင်းကို စစ်ဆေးသင့်ပါတယ်။

(10) ပါးစောင်အနာ

ကွမ်းစားသူဆေးလိပ်သောက်သူများတွင် ပါးစပ်အနာဖြစ်ခြင်းနှင့် ထူးခြားမူရှိခြင်းသည် အထူးအရေးကြီးပါတယ်။ ပါးစောင်ကင်ဆာ ဖြစ်နိုင်ပါတယ်။

(11) ဖျားခြင်းနာခြင်း

ပုံမှန်ဖျားခြင်း ကိုက်ခဲခြင်းသည် ကုသမူခံယူလျှင် ပျောက်ကင်းနိုင်သော်လည်း နာတာရှည်ဖြစ်လာခဲ့မူ ကင်ဆာရဲ့ ဇစ်မြစ်ကို ရှာဖွေသင့်ပါတယ်။

(12) ချောင်းဆိုးခြင်း

ချောင်းဆိုးခြင်းသည် ရက်ရှည်ဖြစ်လာပါက အဆုတ်လမ်းကြောင်းအတွက် အထူးအရေးကြီးပါတယ်။ အဆုတ်ကင်ဆာကို သေချာရှာဖွေကုသသင့်ပါတယ်။

Dr. Pyae Shin

ဆက်စပ် ဆောင်းပါးများ