နို့တိုက်နေတုန်း စမ်းမိတဲ့အလုံး ကင်ဆာလုံးလား
နို့တိုက်မိခင်တွေ ရင်သားကင်ဆာဖြစ်နိုင်လား ဟူသောမေးခွန်းသည် နို့တိုက်နေသောမိခင်များ အလုံးတခုစမ်းမိလျှင် ဝင်လာသောသံသယမေးခွန်းပါ။နို့တိုက်နေစဉ် ရင်သားကင်ဆာဖြစ်နိုင်ချေ ခဲယဉ်းသော်လည်း ကင်ဆာဖြစ်နိုင်ပါတယ်။
နိ့တိုက်နေစဉ် အလုံးစမ်းမိနိုင်ပါသော်လည်း အများစုသည်ကင်ဆာမဟုတ်ပါ။နို့တိုက်မိခင်တွင် ရင်သားအကျိတိအလုံး စမ်းမိရသောအကြောင်းရင်းများမှာ
-ရင်သားရောင်ရမ်းခြင်း
ရင်သားပိုးဝင်ခြင်း နှင့်နို့ချောင်းပိတ်ခြင်းကြောင့်ရင်သားရောင်ရမ်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။အခြားသော ရင်သားနာခြင်း။ဖျားခြင်းစသည်တို့ခံစားရနိုင်ပါတယ်။
-ရင်သားပြည်တည်နာ
ရင်သားရောင်ရမ်းခြင်းမကုသလျှင် ပြည်တည်နာဖြစ်နိုင်ပါတယ်။ရင်သားအကျိတ်သည် နီရဲရောင်ရမ်းကိုက်ခဲနေနိုင်ပါတယ်။
-အဆီကျိတ်
ရင်သားအတွင်းမနာမကျင်နှင့် လူပ်ရှားရနိုင်သော ကင်ဆာမဟုတ်သောအကျိတ်ကြောင့်ဖြစ်နိုင်ပါတယ်။
-နို့ရည်အိတ်
အန္တရာယ်မရှိသော နို့ရည်အိတ်ကြောင့်ဖြစ်နိုင်ပါတယ်။
ပုံမှန်အားဖြင့် ရင်သားအတွင်း ချောမွေ့ပျော့အိလူပ်ရှားနိုင်သောကင်ဆာမဟုတ်သောအကျိတ်များသာ ဖြစ်နိုင်ချေရှိပါတယ်။ကင်ဆာကျိတ်သည် မာကျောရျ် လူပ်ရှားမရပါ။
ကင်ဆာလက္ခဏာများ
ရင်သားအလုံးအကျိတ်စမ်းမိတိုင်း ကင်ဆာလက္ခဏာဟု သတ်မှတိမရပါ။အခြားသော နို့သီးခေါင်းယားယံခြင်း။အရည်ထွက်ခြင်း။အရွယ်အစားပြောင်းလဲခြင်း။အရောင်ပြောင်းခြင်းစသည်တို့ပါ ခံစားရနိုင်ပါတယ်။
ဖြစ်ပွားနူန်း
နို့တိုက်နေစဉ် ကင်ဆာဖြစ်ပွားနူန်းမှာ လူအယောက်တစ်ရာတွင် ၃ယောက်ခန့်သာဖြစ်နိုင်ပါတယ်။နို့တိုက်နေစဉ် ရင်သားအခြေအနေပြောင်းလဲမူရှိနိုင်သော်လည်း မူမမှနိပြောင်းလဲမူဖြစ်ပါက အမြန်ဆုံးစမ်းသပ်ကုသမူခံယူသင့်ပါတယ်။
ရောဂါရှာဖွေမုူ
ရင်သားကင်ဆာဖြစ်နိုင်သည်ဟု ဆရာဝန်မှထင်မြင်ယူဆလျှင် အခြားသောရောဂါရှာဖွေမူပြုလုပ်ရပါမယ်။ရင်သားmammogram သို့မဟုတ် အတ်ထရာဆောင်းပြုလုပ်ခြင်း။အသားစယူစစ်ဆေးခြင်းများပြုလုပ်ပါ။နို့တိုက်နေစဉ် mammogramရိုက်ခြင်းပြုလုပ်ရန်ခက်ခဲပြီး နို့တိုက်ခြင်းခတ္တရပ်ထားသင့်ပါတယ်။
ကုသမူ
နို့တိုက်နေစဉ် ရင်သားကင်ဆာဖြစ်ခဲ့လျှင် ကုသမူကို အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပါ။
ခွဲစိတ်မူနှင့်နို့တိုက်ခြင်း
ခွဲစိတ်ကုသမူကို ပြုလုပ်ခဲ့ရင် နို့ဆကိတိုက်ရန်မတိုက်ရန်ဟူသောမေးခွန်းသည် ပြုလုပ်သောခွဲစိတ်မူနှင့်ရင်သားကင်ဆာအဆင့်ပေါ်တွင်မူတည်တယ်။အကယ်ရျ် ရင်သား၂ဘက်လုံးဖြတ်ခဲ့ရသော် နို့ဆက်တိုက်ရန်မဖြစ်နိုင်ပါ။ခွဲစိတ်ပြီးနောက် လိုအပိသောဆေးဝါးများသည် ကလေးအပေါ်သက်ရောက်မူရှိမရှိပေါ်တွင်လည်းမူတည်ပါတယ်။
ကင်ဆာဆေးသွင်းခြင်းနှင့်နို့တိုက်ခြင်း
ကင်ဆာဆေးသွင်းရန်လိုအပ်ပါက နို့တိုက်ခြင်းကို ရပ်ပါ။ကင်ဆာဆေးသညိ ကလေးငယ်အတွက် ဆိုးကျိုးများစေပါတယ်။
ဓာတ်ကင်ခြင်းနှင့်နို့တိုက်ခြင်း
မိမိပြုလုပ်ရသော ဓာတ်ကင်နည်းအမျိုးအစားပေါ်မူတညိရျ် နို့တိုက်ခြင်းကိုဆုံးဖြတ်ပါတယ်။
ကုသမူခံယူပြီးနောက်နောက်ဆက်တွဲခံစားရသောဆိုးကျိုးများအနေဖြင့် အားအင်ကုန်ခမ်းခြင်း။ကိုယ်အလေးချိန်ကျခြင်း။အော့အန်ခြင်းတို့ဖြစ်နိုင်သောကြောင့် ကလေးကိုပြုစုစောင့်ရှောက်ရန် အကူအညီရယူထားပါ။
နို့တိုက်မိခင်သည် ရင်သားကင်ဆာဖြစ်နိုင် ခဲယဉ်းသော်လည်း ဖြစ်လာခဲ့လျှင် နားလည်တတ်ကျွမ်းသောသက်ဆိုင်ရာဆရာဝန်ကြီးများနှင့်တိုင်ပင်ကုသပါ။စောစီးစွာရောဂါရှာဖွေကုသလျှင် ပျောက်ကင်းနိုင်မူ ရာခိုင်နူန်းများပါတယ်။နို့တိုက်မိခင်များအနေဖြင့် မိမိရင်သွေးဆက်လက်နို့တိုက်ရန်သငိ့မသင့်နှင့် ကုသမူရွေးချယ်ရာတွင် မိသားစု။အပေါင်းအသင်းမိတ်ဆွေများရဲ့ အားပေးကူညီလမ်းညွှန်မူတွင်လည်းများစွာမူတည်ပါတယ်။
Dr.ပြည့်ရှင်း