အရောင်တွေနဲ့ ဝိတ်ချကြမယ်

အရောင်တွေနဲ့ ဝိတ်ချကြမယ်

ဟိုတလောကခုခေတ်စားနေတဲ့ butterfly pea အောင်မဲညိုပန်း အဓိကထား ချက်ပြုတ်တဲ့ဆိုင်လေးမှာ သူငယ်ချင်းတွေနဲ့ သွားစားဖြစ်တယ်လေ..

– “ဒီထမင်းပြာပြာကြီးကနော် ကြည့်တော့သာလှတာ.. စားလို့ သိပ်မဝင်ဘူး..”

– “ဟုတ်တယ်နော် ပြာပြာကြီးဆိုတော့ စားရမှ ာတစ်မျိုးပဲ..”

– “ဟီး သူငယ်ချင်းတို့ အဲ့ဒါကို color psychology လို့ခေါ်တယ်..”

– “အရောင်တွေက စိတ်ခံစားမှုကို လွှမ်းမိုးတာတော့ သိပါတယ်။ ဥပမာ အပန်းရောင်လေးဆို အချစ်ကို ကိုယ်စားပြုတယ်။ အဝါလေးက စိတ်ပျော်ရွှင်မှုကို ပေးတယ်။ အဲ့ဒါနဲ့ ခုပြောနေတဲ့ အစားသောက်နဲ့က ဘာဆိုင်လို့တုန်း??..”

– “အဲ့ဒါကိုပြောတာပေါ.. သိပ်ဆိုင်တယ်ကော.. ခုနနင်ပြောတဲ့ အပန်းလေးတို့ အနီလေးတို့ အဝါလေးတို့က အစားအသောက် အသီးရွက်တွေမှာ တွေ့ရတယ်လေ။ အဲ့အရောင်လေးတွေက အစားစားချင်စိတ်ကို နှုံ့ဆော်ပေးနိုင်တယ်.. appetites တက်စေတယ်ပေါ့ဟာ..”

– “အင်း.. နဲနဲတော့ သဘောပေါက်သလို ရှိလာပြီ ဆက်ပါဦး..”

– “အပြာရောင်က စိတ်ငြိမ်းချမ်းမှုကို ပေးနိုင်တာမှန်ပေမဲ့ အစားသောက်မှာဆို အပြာရောင်အသား၊ အပြာရောင်အရွက်၊ အပြာရောင်အသီးဆိုတာ မရှိဘူးလေ။ အဲ့တော့ လူ့စိတ်က ဒီသဘာဝကို နားလည်ပြီး အပြာရောင်အစားသောက်ဆို သိပ်လက်မခံချင်ကြဘူး။

– နောက်တစ်ချက်က အပြာရောင်အရည်တို့ ဘာတို့ဆိုတာ အဆိပ်လို့ လူတွေ မသိစိတ်ထဲမှာ လက်ခံထားကြတော့ အလိုလိုရှောင်မိနေတာပေါ့..

– ဒီအချက်တွေကို အခြေခံပြီး နိုင်ငံခြားမှာဆို ဝိတ်လျှော့ဖို့ သီးသန့်အချိန်မပေးနိုင်သူတွေ အစားသောက်မထိန်းနိုင်တဲ့ သူတွေကို nutritionist တွေက ဒီအပြာရောင်ကို အသုံးပြုဖို့ အကြံပေးလာကြတာ..

– ဥပမာ – အပြာရောင်ပေါင်မုန့်တို့ ခုလိုအပြာရောင်ထမင်းတို့ စားတာမျိုးပေါ့

– နောက်တစ်ချက်က အပြာရောင်စားပွဲခင်းတွေ အပြာရောင်လက်သုတ်ပုဝါ၊ အပြာရောင်ပန်းကန်တွေနဲ့ တည်ခင်းစားသောက်တာမျိုးတွေ လုပ်ကြည့်ပါတဲ့

သူတို့လေ့လာတွေ့ရှိချက်တွေအရ စားချင်သောက်ချင်စိတ် ၁၅ – ၂၅% ထိနည်းသွားတာကို တွေ့ရပါတယ်တဲ့..”

– “ဟယ်မိုက်လိုက်တာ.. ငါဆို တစ်ဇွတ်ဇွတ်ကို စားမိနေတာ.. ခုကျ ဒီထမင်းပြာပြာကြီး သိပ်မစားချင်ဘူး.. နင်ပြောတာဟုတ်မှာ..”

– “အေးဆို.. အစားမသောင်းကျန်းမိဖို့ ဒီလိုပေါ့ပေါ့ပါးပါးနည်းလမ်းလေး လိုက်လုပ်ကြည့်တာလဲ မဆိုးဘူးလားလို့.. ကရိကထလဲမများဘူးလေ..”

ကဲ.. OnDoctor ပရိသတ်ကြီးရောဘယ်လိုလဲ??

Scarlette (ဆေး၁)

ဆက်စပ် ဆောင်းပါးများ