အအေးမိချောင်းဆိုးသက်သာစေတဲ့ ကြောင်လှ ျာသီး

အအေးမိချောင်းဆိုးသက်သာစေတဲ့ ကြောင်လှ ျာသီး

ကြောင်လျှာပင်ကို အင်္ဂလိပ်လို Broken Bones Tree,Indian trumpet flower,Kampong စသဖြင့်ခေါ်ပါတယ်။

ရုက္ခဗေဒနာမည်ကတော့ Oroxylum Indicum Vent ဖြစ်ပါတယ်။

ကြောင်လျှာပင်ဟာ အပင်လတ်အမျိုးအစားဖြစ်ပြီး ကြီးထွားနှုန်းမြန်ပါတယ်။

အပင်အမြင့်အနေနဲ့ကတော့ ၈မီတာကနေ ၁၅ မီတာအထိမြင့်တတ်ပါတယ်။အခေါက်ထူကာ မီးခိုးစိမ်းရောင်ရှိပြီး အတွင်းသားအနေနဲ့တော့ အဝါရောင်ရှိပါတယ်။

အရွက်ပုံစံကတော့ ရွက်ရင်းအနည်းငယ်ဝိုင်းပြီး ရွက်ဖျားချွန်ပါတယ်။ရွက်ပေါင်းဖြစ်ပြီး ရွက်ဆိုင်ထွက်ပါတယ်။

နယုန် နဲ့ ဝါဆိုလတွေမှာ ခေါင်းလောင်းပုံစံရှိသော ခရမ်းရောင်အပွင့်များပွင့်တတ်ပါတယ်။

အသီးအနေနဲ့တော့ တွဲလျားကျပြီးသီးသော သီးတောင့်ရှည်အမျိုးအသားဖြစ်ပါတယ်။အသီးပုံစံကပြားပြီး လက်တတောင်ကျော် လောက်ရှည်ကာ အမွှေးနုကလေးတွေရှိပါတယ်။အသီးအတွင်းသားကထူပါတယ်။တန်ဆောင်မုန်းလလောက်မှာအသီးသီးလေ့ရှိပါတယ်။

ကြောင်လျှာပင်ရဲ့အသီး၊အရွက်၊အပွင့် ၃ခုလုံးဟာ အစားအစာဖြစ်လည်းစားလို့ရသလို ဆေးဖက်လည်းဝင်ပြီး ကျန်းမာရေးကိုအထောက်အကူူပြုပါတယ်။

သို့သော် အရသာက ခါးတဲ့အတွက် လူအများစုအနေနဲ့ကတော့ သိပ်စားလေ့မရှိပါ။

ကြောင်လျှာပွင့်နဲ့ကြောင်လျှာရွက်နုကို ရေနွေးနဲ့ဖျောပြီးသုတ်စားလေ့ရှိသလို ငါးပိရည်နဲ့လည်းတို့စားကြပါတယ်။

ကြောင်လျှာပွင့်နဲ့ကြောင်လျှာရွက်နု စားခြင်းဖြင့် လေအားကောင်းစေပြီး နားလေထွက်တာ၊နားပင်းတာ၊အသက်ကြီးလို့နားလေးတာတွေကိုသက်သာစေနိုင်ပါတယ်။

ကြောင်လျှာသီးကိုတော့ မီးဖုတ်ပြီးသော်လည်းကောင်း ပြုတ်ပြီးသော်လည်းကောင်း ငါးပိရည်နဲ့တို့စား၊သုပ်စားကြသလို ေြက်ာစားတာ၊အသားတမျိုးမျိုးနဲ့ရောချက်စားတာ လည်းရှိပါတယ်။

ကြောင်လျှာသီးရဲ့အရသာက ခါးပြီးဖန်ချိုအရသာရှိပါတယ်။

ကြောင်လျှာသီးစားခြင်းဖြင့် ဝမ်းမီးကိုကောင်းစေပြီး အစာကြေလွယ်စေကာ စားချင်သောက်ချင်စိတ်မရှိဘဲ အစားသောက်ပျက်တာကိုသက်သာစေနိုင်ပါတယ်။

နားအူတာကိုလည်းသက်သာပျောက်ကင်းစေနိုင်ပြီး ဆံပင်ကိုလည်းနက်မှောင်စေနိုင်ပါတယ်။

အစာမကြေတာ၊လေသလိပ်ထတာ၊ချောင်းဆိုးတာ၊အအေးမိတာ စတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

ကြောင်လျှာသီးကို ကြက်သားနဲ့ချက်စားပါက ပန်းနာရင်ကျပ်ရောဂါသက်သာ၏။

ပုဇွန်ဖြင့်ချက်စားပါက နှလုံးတုန်၊ရင်တုန်သက်သာ၏။

ငါးသလောက်ဖြင့်ချက်စားပါက အဖောရောဂါကိုသက်သာစေ၏။

ငါးရံဖြင့်ချက်စားပါက အားကိုဖြစ်စေပြီး အစာမကြေဝမ်းပျက်ခြင်းကိုသက်သာစေ၏။

ငါးမြွေထိုးဖြင့်ချက်စားပါက ဒူလာသွေးဝမ်း၊မီးယပ်သွေးဝမ်း၊လိပ်ခေါင်းရောဂါတွေကိုသက်သာစေ၏။

ဆိုပြီး မြန်မာ့ဆေးကျမ်းတွေမှာ ဓါတ်စာသဘောအနေနဲ့ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

Dr သီတာနွယ်(အမရပူရ)

 

ဆက်စပ် ဆောင်းပါးများ